
နိုင်ငံကျော်အဆိုတော်တွေနဲ့ အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေတင်ဆက်ကြမယ့် Star Legends Live ပွဲကို အောက်တိုဘာ ၅ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ်
နိုင်ငံကျော်အဆိုတော်တွေနဲ့ အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေ တင်ဆက်ကြမယ့် Star Legends Live ပွဲကို လာမယ့် အောက်တိုဘာလ ၅ ရက် ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားက ဇာတ်ရုံမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

“လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ App Show နဲ့ Star Legends Live ပွဲမှာ ပန်းရောင်နဲ့အတူ တခြားအနုပညာရှင်တွေ အများကြီး ဖျော်ဖြေတင်ဆက်ကြမှာဖြစ်ပါတယ်။ ပန်းရောင်ရဲ့ ချစ်ရတဲ့ ပရိသတ်တွေရော Fan Club ရော ချစ်စရာ သီတင်းကျွတ်ညနေလေး အမှတ်တရလေး ဖန်တီးချင်ပါတယ်။ တကယ်လို့ အတူကဲကြမယ်ဆိုရင် လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။ App Show page ရဲ့ chat box မှာလည်း လက်မှတ်တွေလည်း ကြိုဝယ်လို့ရပါတယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ သီတင်းကျွတ်လေးမှာ အတူဆုံရင်းလည်း ဖြတ်သန်းကြပါ မယ်”လို့ အဆိုတော် ပန်းရောင်ခြယ်က ပြောပါတယ်။
အဆိုပါ Star Legends Live ပွဲမှာတော့ နိုင်ငံကျော် အဆိုတော်များဖြစ်ကြတဲ့ မျိုးကျော့မြိုင်၊ သာဒီးလူ၊ နီနီခင် ဇော်၊ ချောစုခင်တို့ရဲ့ သီချင်းကောင်းတွေကို နားဆင်ခံစားရင်းနဲ့ အလင်းရောင်၊ အေးချမ်းမောင်၊ ခင်ဝင့်ဝါ၊ ပန်းရောင်ခြယ်တို့ရဲ့ Fan club တွေ့ဆုံမှု အစီအစဉ်တွေနဲ့ ပျော်ရွှင်စရာ သီတင်းကျွတ်ညလေးကို ဖြတ်သန်းကြမှာဖြစ်ပါတယ်။
ဒီပွဲလက်မှတ်တွေကိုတော့ VIP အနေနဲ့ ကျပ် ၈ သောင်း၊ Classic အနေနဲ့ကျပ် ၅ သောင်း သတ်မှတ်ထားပြီးတော့ App Show page နဲ့ App Show application အပြင် Hotline phone 09444711114 တို့ကလည်း လက်မှတ် တွေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။