
(၂၉-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၉-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ယာယီသမ္မတ အက်စတာနာမြိုရှိ Baiterek သမိုင်းဝင်အထိမ်းအမှတ် အဆောက်အဦ လေ့လာရေးမျှော်စင်နှင့် အက်စတာနာမြို ဖွံဖြိုးတိုးတက်မှုများ ကြည့်ရှုလေ့လာခဲ့
၂။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ကာဇက်စတန်နိုင်ငံ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနန်းတော်နှင့် အမျိုးသားပြတိုက်တိုသို သွားရောက်လေ့လာ
၃။ ယခုဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲပံ့ပိုးငွေဖြင့် စာကြည့်တိုက် (၅)တိုက် ဆောက်လုပ်ပေးမည်
၄။ ရွေးကောက်ပွဲသည် ရှမ်းမြောက်စစ်ပွဲကို (၂၅) ရာခိုင်နှုန်း ဖြေရှင်းနိုင်မည်ဟု ရှမ်းတိုင်းရင်းသားများယုံကြည်
၅။ တပ်မတော်သားဟန်ဆောင်လာသည့် သာယာ၀တီ PDF များက လက်နက်မဲ့ရှမ်းကုန်းရွာ ရာအိမ်မှူးကို သေနတ်ဖြင့် လေးချက် ပစ်သတ်
၆။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ အကျင့်ပျက်အရာရှိတချိုက အစ္စလာမ္မစ်အစွန်းရောက် ARSA လက်နက်ကိုင်များကို ကူညီပေးနေဟု ဘင်္ဂလားဒေ့ရှ်ကို မူးယစ်ဆေးဖြန့်နေသည့် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA က ပြန်လည် စွပ်စွဲ
၇။ တပ်မတော်က သံတွဲမြိုရှိ AA စခန်းချရာနေရာများသို လေကြောင်းဖြင့် ထပ်မံရှင်းလင်း၊ ရခိုင်မြောက်ပိုင်းမှ AA နှင့် လိုက်ပါလာသူများနေအိမ် ထိမှန်
၈။ စက်တင်ဘာလ ၂၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၂၀ ကျပ်၊ Octane 95 – ၂၉၈၀ ကျပ်၊ Diesel – ၂၅၈၀ ကျပ်၊ Premium Diesel – ၃၁၇၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိက၏ ဗီဇာရုပ်သိမ်းမှု ဂရုမစိုက်ပါဟု ကိုလံဘီယာသမ္မတပြော
၂။ အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းမှ ကာကွယ်ရန်ကွန်ဂရက်ခေါင်းဆောင်များနှင့် ထရမ့်ဆွေးနွေးမည်
၃။ အိန္ဒိယ ရုပ်ရှင်မင်းသား ဗီဂျေးရဲ့ပါတီက ဦးဆောင်ကျင်းပတဲ့ လူထုစုဝေးပွဲမှာ လူများကြောက်လန့်မှု ဖြစ်ကာ ကမူးရှူးထိုးပြေးကြရာမှ လူအုပ်ပြိုမှုဖြစ်ပွားပြီး အနည်းဆုံး လူ ၃၉ ဦးသေဆုံး၊ ၅၁ ဦးဒဏ်ရာရ
၄။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခါကာဆိုရီခရိုင်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်
၅။ ဒိန်းမတ်၌ ဒရုန်း ပျံသန်းမှုများကိုမြင်တွေ့ရပြီးနောက် နေတိုးက ဘောလ်တစ်တွင် သတိထားစောင့်ကြည်မှုကို တိုးမြှင့်မည်
၆။ နျူကလီးယားဆွေးနွေးမှုများ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ကုလသမဂ္ဂက အီရန်အပေါ်ပိတ်ဆိုမှုများ ပြန်လည်ချမှတ်
အားကစားသတင်းများ
၁။ ကမ္ဘာ့စက်ရုပ်အိုလံပစ်ပြိုင်ပွဲတွင် ပထမရခဲ့သော လူငယ်သုံးဦးကို KBZPay က တစ်ဦး ဒေါ်လာ ၁၀၀၀၊ Iphone 17 Pro Max နှင့် ASUS ROG Strix G16 များ ဆုချီးမြှင့်မည်
၂။ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးဝင်းတင် ကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်က ငွေကျပ်(၁၀)သိန်း ကုသိုလ်ပါဝင်
၃။ အိန္ဒိယသံရုံးက ဦးဆောင်ကျင်းပသည့် Viksit Bharat Run 2025 မာရသွန်အပြေးပြိုင်ပွဲ ရန်ကုန်မြို၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်
၄။ ဘန်လေနည်းပြဟောင်း ရှောင်ဒိုက်ချ်က သူတိုအသင်းဟာ လက်ရှိ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းကို ပေါင် ၇ သန်းတည်းနဲ့ ခေါ်ယူဖို အခွင့်အရေးရခဲ့ဖူးပေမယ့် ငြင်းပယ်ခဲ့ဖူးတဲ့အသင်းဖြစ်ကြောင်း ဝန်ခံပြောဆိုလာခဲ့
၅။ အမျိုးသားတွေက အခြေအနေမကောင်းပေမဲ့ အမျိုးသမီးလိဂ်မှာတော့ မန်ယူအသင်းက ဇယားထိပ်ဆုံးမှာ ဦးဆောင်နေ
အနုပညာသတင်းများ
၁။ သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်တိုရဲ့ “ရွှေပိုးတိုက်ပုံ”ဆိုင်သစ်နေရာသစ်ပြောင်းရွှေ့ဖွင့်ပွဲကို အနုပညာများစွာတက်ရောက်
၂။ ရုပ်ရှင်အစည်းအရုံးမှ မိမိသဘောဖြင့် နုတ်ထွက်သူ (၉၅) ရာခိုင်နှုန်း အစည်းရုံးဝင်အဖြစ် ပြန်လည်လျှောက်ထား
၃။ မြန်မာနိုင်ငံရဲ့ အခမ်းနားဆုံး Bazzar & Runway Culture Vol.2 ပွဲကြီးရဲ့ Fashion Show ပွဲနဲ့ ဈေးပွဲတော်ကြီးကို အောက်တိုဘာလမှာ ၂ ရက်တိုင်တိုင်ကျင်းပမည်
၄။ သူများရဲ့သီချင်းပဲဆိုနေရင် သူများအရိပ် အာဝါသအောက်မှာ အမြဲတမ်းခိုလှုနေသလိုဖြစ်မှာစိုးလို ကိုယ့်လမ်းကြောင်းလည်း ကိုယ်ဖောက်မှာပါ ဆိုတဲ့ ငုရည်သန့်