// | DailyBriefNews မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့်တွေ့ဆုံစဥ် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီးရှင်းလင်းပြောကြားခဲ့ -

မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့်တွေ့ဆုံစဥ် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီးရှင်းလင်းပြောကြားခဲ့

ရုရှားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၆ ရက်က ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov အား Radission Collection ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံတော် ယာယီသမ္မတမှ မကြာမီကာလအတွင်း မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲပြီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာမှအသိအမှတ်ပြုအားပေးထောက်ခံလျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် မြန်မာ-ရုရှားနှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို လမ်းပြမြေပုံများရေးဆွဲ၍ စဉ်ဆက်မပြတ်အဆင့်ဆင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်နှင့် RC Investment Fund ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အသက် ၈၀ အရွယ် စတီရီယိုခေတ်ဦးအဆိုတော် ဗစ်တာခင်ညိုရဲ့ စျာပန မနက်ဖြန်ပြုလုပ်မည်
Next post (၂၇-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်