
(၂၇-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၇-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ သို တက်ရောက်မိန့်ခွန်းပြော
၂။ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်တို ခရမ္မလင်နန်းတော်၌တွေ့ဆုံ
၃။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ Road Map ကို ရုရှား-မြန်မာ လက်မှတ်ရေးထိုး
၄။ နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောလိုပါက စက်တင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ခွင့်ပြုပေးမည်
၅။ တပ်မတော်အနေဖြင့် ၁၃ နှစ်တာကာလအတွင်း မှားယွင်းစုဆောင်း အသက်မပြည့်စစ်သည် ၁၁၀၀ ကျော်ကို မိဘများထံ ပြန်လည်အပ်နှံနိုင်ခဲ့
၆။ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက အစ္စရေးနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးတွေ့ဆုံ၍ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများကို အသိပေးဆွေးနွေ
၇။ သိန္နီတွင် အဓမ္မပြုကျင့်သည့် ရာဇဝတ်မှု ကျူးလွန်ထားသော တရုတ်နိုင်ငံသား သုံးဦးအပါအဝင် ၇ ဦးကို MNDAA က လူအများရှေ့ ယနေ့ သေဒဏ်ပေး
၈။ စက်တင်ဘာလ ၂၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၂၀ ကျပ်၊ Octane 95 – ၂၉၈၀ ကျပ်၊ Diesel – ၂၅၈၀ ကျပ်၊ Premium Diesel – ၃၁၇၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ TikTok ရောင်းချမှုနှင့် ပတ်သက်ပြီး ထရန့်က သမ္မတအုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုး
၂။ ဒီမိုကရက်တစ်ဘီလျံနာ ဂျော့ဆိုးရော့ ထောက်ပံ့ထားသောအုပ်စုကို အမေရိကန်တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမည်
၃။ ဒရုန်းဟုယူဆရသောအရာများ ပျံသန်းသည်ကို မြင်ရသောကြောင့် ဒိန်းမတ်လေဆိပ်တစ်ခုကို ထပ်မံပိတ်ခဲ့ရ
၄။ အိန္ဒိယနိုင်ငံက အမေရိကန် ဒေါ်လာ ၇ ဘီလျံတန် တိုက်လေယာဉ်များ ထုတ်လုပ်ရေး သဘောတူညီချက်ဖြင့် ပြည်တွင်းလက်နက်ထုတ်လုပ်မှုကို မြှင့်တင်နေ
၅။ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ၂ဝ၂၆ ခုနှစ် နှစ်လယ်မှာ Vape သောက်သုံးမှုတားမြစ်ဖို ပစ်မှတ်ထား
၆။ ဂျပန်ကျူးကျော်ရက်စက်မှုများအကြောင်းကွက်ကွက်ကွင်းကွင်းတင်ဆက်ထားသည့် Dead To Rights ရုပ်ရှင် ဝင်ငွေယွမ်(၃)ဘီလီယံကျော်ခဲ့ပြီ
အားကစားသတင်းများ
၁။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ပိုက်ကျော်ခြင်း အားကစားအဖွဲများလေ့ကျင့်နေကြပြီဖြစ်
၂။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ လုံခြုံရေးကို ယခင်ကထက် ပိုမိုဂရုစိုက် ဆောင်ရွက်ပေးဖို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ ပြောကြား
၃။ ပြည်တွင်း အမျိုးသမီးလိဂ်တွင် သွင်းဂိုးအများဆုံးမှာ စန်းသော်သော် နဲ့ ဇင်မိုးပြည့် ပူးတွဲဦးဆောင်နေ
၄။ တိုက်ခိုက်ရေးပညာတခုတည်းကိုသာသင်ပေးမည့် Gym ဖွင့်လိုက်သည့် အောင်လအန်ဆန်
၅။ ရာမာန်နှင့် အောင်ခိုင်တို ခေါင်တွဲဆိုင်းမှာယှဉ်ပြိုင်မည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ
အနုပညာသတင်းများ
၁။ ပြည်ပမှာ နေနေရချိန်မှာ မြန်မာနိုင်ငံက အခြေအနေဆိုးရွားနေတယ်လို ဆိုကြပေမယ့် တကယ်ပြန်ဝင်လာချိန်မှာ ကြားထားသလို မဆိုးရွားဘဲ နိုင်ငံကလည်ပတ်နေသလို နိုင်ငံတွေအားလုံး ခက်ခဲနေချိန်မှာ ဒီလိုလည်ပတ်နေတာ အရမ်းကို ဝမ်းသာရပါတယ်ဆိုတဲ့ သန္တာလှိင်
၂။ အာရှနိုင်ငံကြီးတွေက ထုတ်ကုန်ပစ္စည်းတွေကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်မယ့် Asian Expo Yangon 2025 ပွဲကြီးကို သရုပ်ဆောင်သန္တာလှိင် ဖဲကြိုးဖြတ် ဖွင့်လှစ်
၃။ တကယ်တန်ဖိုးကြီးတဲ့ အနုပညာရှင်သမားကြီးတွေ ဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ ငုရည်သန့်