// | DailyBriefNews အသက် ၈၀ အရွယ် စတီရီယိုခေတ်ဦးအဆိုတော် ဗစ်တာခင်ညိုရဲ့ စျာပန မနက်ဖြန်ပြုလုပ်မည် -

အသက် ၈၀ အရွယ် စတီရီယိုခေတ်ဦးအဆိုတော် ဗစ်တာခင်ညိုရဲ့ စျာပန မနက်ဖြန်ပြုလုပ်မည်

စတီရီယိုခေတ်ဦးအဆိုတော် တေးသံရှင် ဗစ်တာခင်ညိုရဲ့ ဈာပနကို စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီခွဲမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

“ဗစ်တာခင်ညိုက အရင်ကတော့ နှလုံးနဲ့ပတ်သက်ပြီး အောင့်တာတွေ ဘာတွေရှိတယ်။ ဆုံးတာကတော့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ တကယ့်ကို တန်ဖိုးရှိတဲ့သူတစ်ယောက် ဆုံးရှုံးသွားတာ နှမြောမိတယ်။ မနက်ဖြန်တော့ နာရေးလုပ်သွားမှာပါ”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အသက် ၈၀ အရွယ်တေးသံရှင် ဗစ်တာခင်ညို@ဦးသိန်းထွန်းဟာ စက်တင်ဘာ ၂၅ ရက် နံနက် ၇ နာရီက ၉၆ ပါးရောဂါနဲ့ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။ သူဟာ“နွေ”၊ “ဒီဇင်ဘာ မနက်ခင်း” အပါအဝင် မြန်မာပရိသတ်ကြား ရေပန်းစားတဲ့ တေးသီချင်းပေါင်းများစွာက သီဆိုခဲ့သူလည်းဖြစ်ပါတယ်။

စတီရီယိုအဆိုတော်ကြီး ဗစ်တာခင်ညိုကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးရှိ နေအိမ်ကနေ စက်တင်ဘာ ၂၇ ရက် နေ့လည် ၁ နာရီခွဲမှာ မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၆-၉-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့်တွေ့ဆုံစဥ် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီးရှင်းလင်းပြောကြားခဲ့