
ရွေးကောက်ပွဲ၌ မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံကောင်းအောင်ဆောင် ရွက်နိုင်မည့်သူများဖြစ်ရန်လို
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာ ၁၉ ရက်မွန်းလွဲပိုင်းက တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာများဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ဆန္ဒမဲပေးတဲ့အခါမှာ မိမိတို့ရွေးချယ်မယ့် ရွေး ကောက်ခံကိုယ်စားလှယ်တွေဟာ နိုင်ငံအကျိုးကိုအမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကိုအမှန်တ ကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကိုအမှန်တကယ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူ၊ နိုင်ငံကောင်းအောင်ဆောင်ရွက်နိုင်မယ့်သူတွေဖြစ်ဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည်အရေးကြီးပြီး ရွေးကောက်ပွဲကျင်းပခြင်းသည် လွှတ်တော်အသီးသီးကိုခေါ်ယူဖွဲ့စည်းနိုင်ရန်ဖြစ်ပြီး လွှတ်တော်မှ နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတမှတာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ပြီး အစိုးရအဖွဲ့တာဝန်ပေးအပ်နိုင်ရန်ဆောင်ရွက်ရခြင်းဖြစ်၍ ရွေး ကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန်အရေးကြီးသည်ဟု ပြောသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်စေရေးကို ဆောင်ရွက်ပေးသွားမည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။