
(၂၀-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၀-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ကုန်ဈေးနှုန်းများထိုက်သင့်သည့် ဈေးနှုန်းအတိုင်းဖြစ်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိ
၂။ ရွေးကောက်ပွဲ ကျင်းပရန် ရက် (၁၀၀) သာ လိုတော့သည်
၃။ မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲအစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းခွင့်ပြုမည်မဟုတ်ဟု တီမောပြောဆို
၄။ အဘူဒါဘီအခြေစိုက် မြန်မာသံအမတ်ကြီးမှ အခြားနိုင်ငံသံအမတ်ကြီးများနှင့်တွေ့ဆုံဆွေးနွေး
၅။ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူထားသည့် အသက် ၁၈ နှစ်နှင့်အထက်ရှိသူများ၏ အတည်ပြုလူဦးရေစာရင်းကို UEC သို ပေးပိုခဲ့ပြီးဖြစ်ကြောင်း လဝက ဝန်ကြီး ပြောကြား
၆။ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာအတည်ပြုနိုင်ရေးဆွေးနွေး
၇။ ယခုနှစ်အတွင်း မြန်မာသိုတရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၉၄၀ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတိုအနက်မှ ၉၃၀၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို ပြည်နှင်လွှပြောင်း
၈။ စက်တင်ဘာလ ၁၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၉၅ ကျပ်၊ Octane 95 – ၂၉၇၀ ကျပ်၊ Diesel – ၂၅၇၅ ကျပ်၊ Premium Diesel – ၃၁၇၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးများရှာဖွေတွေ့ရှိပြီးနောက် ဘာလင်မြို၌ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို ပြောင်းရွှေ့ရ
၂။ အီရန်တွင် အစ္စရေးအတွက် သူလျှိလုပ်ပေးသူ နောက်တစ်ဦးကို ကွပ်မျက်
၃။ အမေရိကန်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Blackstone က ယူကေတွင် ဒေါ်လာ ၁၂၃ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု သမ္မတဒေါ်နယ်ထရန့်၏ ဗြိတိန်ခရီးစဉ်အတွင်း ထုတ်ပြန်
၄။ ထိုင်ဝမ်ကို ဒေါ်လာ သန်း ၄၀၀ တန် အကူအညီပေးရေး ထရမ့် အတည်မပြု
၅။ မလေးရှားနိုင်ငံရှိ အနှိပ်ခန်းတစ်ခုကို အာဏာပိုင်များဝင်ရောက်ဖမ်းဆီးရာ မြန်မာငါးဦးအပါအဝင် ပြည်ပလုပ်သား ၅၂ ဦး ဖမ်းဆီးခံရ
၆။ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲအား အကြမ်းဖက်အဖွဲအစည်းအဖြစ် ထရမ့်သတ်မှတ်
အားကစားသတင်းများ
၁။ နယူးကာဆယ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ရက်ရှ်ဖိုဒ်ကို ချီးကျူးခဲ့ကြတဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ယာမယ်လ်
၂။ မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမား ပေါစခိုးလ်ကတော့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ပတ်ဒရီဟာ လက်ရှိအချိန်မှာ သူ့ရဲ့အကြိုက်ဆုံးကစားသမား ဖြစ်တယ်လို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ရေးသား
၃။ ချန်ပီယံလိဂ်ရနိုင်တဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ၂ သင်းကို ထည့်သွင်းခဲ့တဲ့ ဂျိုးကိုး
၄။ အီတီဟတ်မှာ ချန်ပီယံလိဂ်ခရီးစဉ်ကို နိုင်ပွဲနဲ့စတင်ခဲ့တဲ့ မန်စီးတီး
၅။ အသင်း ဆုဖလားတွေရဖို ဘယ်သူ့ မျက်နှာမှ မထောက်ဘူးဆိုတာ ပြသလိုက်တဲ့ ခရွန်ကီမိသားစု
အနုပညာသတင်းများ
၁။ ဟေမာနေဝင်းလို ချစ်စရာကောင်းတဲ့ စီနီယာဆီက ဂီတလမ်းကြောင်းပေါ်မှာ ပညာတွေကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ရော ရခဲ့တယ်ဆိုတဲ့ ဖြိုးပြည့်စုံ
၂။ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲမှာ အသက် ၇၅ နှစ်အထက် သဘင် ဘိုးဘွား ၁၀၀၂ ဦးကို ပူဇော်ကန်တော့ ဂါဝရလက်ဆောင်တွေပေးအပ်ခဲ့
၃။ မွေးနေ့မှာ “Doe” Music Video သီချင်းသစ်လေး ပရိသတ်ကို လက်ဆောင်ပေးလိုက်တဲ့ ရွှေထူး
၄။ ကျောင်းတက်တုန်းက ကောင်မလေးတွေ အသားထိရင် ကိုယ်ဝန်ရှိသွားမယ်ထင်ပြီး ရည်းစားမထားရဲခဲ့ဘူးဆိုတဲ့ ချာလီ
၅။ Scarlett က သူ့ရဲ့မောင်လေးကို အရမ်းဆရာမကြီးလုပ်တယ်ဆိုတဲ့ မြတ်ရတနာကျော်