// | DailyBriefNews ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်မည် -

၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်မည်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက်(တနင်္ဂနွေနေ့) နံနက် (၆)နာရီအချိန်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။

‎အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန် တည်း ကပ်ထားမည်ဖြစ်သလို အောင်စာရင်းထုတ်ပြန်မည့် ဇူလိုင် ၂၇ ရက်နေ့၊ နံနက် (၄) နာရီတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားသည်ဟုဆိုပါတယ်။

ထိုအပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ငွေကြေးနဲ့ပတ်သက်ပြီး ပညာပေးဇာတ်လမ်းပုံစံ“အိပ်မက်တွေက ဈေးကြီးတယ် ”ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲ ကျင်းပ