
(၂၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်မည်
၂။ ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၇ သန်း ထပ်မံထုတ်ရောင်း၍ ယခုဘဏ္ဍာနှစ် လေးလခန့်တွင် ဒေါ်လာ ၄၂၇ သန်း ထုတ်ရောင်း
၃။ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် MDY-PDF အဖွဲဝင် ၉ ဦး ဥပဒေဘောင်အတွင်းသို ထပ်မံဝင်ရောက်
၄။ ရွေးကောက်ပွဲကော်မရှင်ခွဲ အဆင့်ဆင့်အား မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ဖွဲစည်းသွားမည်ဟု UEC ပြော
၅။ တပ်မတော်က ၁၅ ရက်အတွင်း သပိတ်ကျင်းမြိုကို တတိယမြောက်မြိုအဖြစ် ပြန်လည်တိုက်ခိုက်သိမ်းယူ
၆။ လယ်ဝေးမြိုနယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
၇။ သီပေါမြိုရှိ အကြမ်းဖက် TNLA/PDF အဖွဲများ ခြေကုပ်ယူရာနေရာကို တပ်မတော် ထပ်မံ၍ ဗုံးကြဲရှင်းလင်း
၈။ ဇူလိုင်လ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၆၅ ကျပ်၊ Octane 95 – ၃၀၂၀ ကျပ်၊ Diesel – ၂၆၈၅ ကျပ်၊ Premium Diesel – ၃၃၃၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အစ္စရေးကို မြေပုံပေါ်ကနေဖယ်ရှားပစ်ဖို ဘယ်တုန်းကမှမကြိုးပမ်းခဲ့ဘူးလို အီရန်ပြော
၂။ တန်ချိန်(၅၀၀၀)ရှိ နောက်ထပ်ဖျက်သင်္ဘောတစ်စီးကို တည်ဆောက်ဖို မြောက်ကိုရီးယား စီစဉ်နေ
၃။ UNESCO မှ အမေရိကန်နုတ်ထွက်ရန် ထရမ့်ဆုံးဖြတ်
၄။ ဗီယက်နမ်တွင် အပူပိုင်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ရေလွှမ်းမိုးမှုများဖြစ်ပွား
၅။ အလိုအလျောက်ဘက်ထရီလဲထည့်နိုင်သည့် ကမ္ဘာ့ပထမဆုံးလူသားပုံသဏ္ဍာန်စက်ရုပ် Walker S2
၆။ အင်ဒိုနီးရှား၊ ဆူမားတြားမှာ တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားနေ၊ အပူချိန် အလွန်မြင့်တက်လာခြင်းကြောင့် သတိပေးချက်များ ထုတ်ပြန်ထား
အားကစားသတင်းများ
၁။ အာဆီယံ ယူ-၂၃ ပြိုင်ပွဲ မြန်မာအသင်း အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရ
၂။ ၂၀၂၅ ကမ္ဘာ့အားကစားပွဲသိုနဂါးလှေလှော်သမားများကိုစေလွှတ်မည်
၃။ ရက်ရှ်ဖိုဒ်ထွက်ခွါမှု မန်ယူအတွက် ဆုံးရူံးမှုဖြစ်ဟု ပေါ့ဘာ သုံးသပ်
၄။ ၂၀၂၆ ကမ္ဘာ့ဖလားမှာ မက်ဆီ ကစားပေးဦးမလား အဖြေပေးခဲ့တဲ့ AFA တာဝန်ရှိသူ
၅။ စင်္ကာပူခရီးစဥ် ပထမဆုံးပွဲမှာ အေစီမီလန်ကို အနိုင်ရခဲ့တဲ့ အာဆင်နယ်
အနုပညာသတင်းများ
၁။ ကိုယ်တိုခေတ်က မင်းသားတွေ Model တွေ တအားမိုက်တာမို ဘိုးတော်အရွယ်ရောက်နေတာတောင် မိုက်နေတုန်းပဲဆိုတဲ့ သူထူးစံ
၂။ အစားအသောက် အရမ်းကြိုက်တဲ့သူဆိုပေမယ့် “ဒိုးတူပေါင်ဖက်” ဇာတ်ကားအတွက် အရမ်းပင်ပန်းခံပြီး ဝိတ်ချထားတာပါဆိုတဲ့ ဝေလာရီ
၃။ “ရွှေဧည့်သည်” ဇာတ်လမ်းတွဲမှာ ကားပေါ်မှာ ကိုယ့်ကို ခါးပိုက်နှိက်ရန်က ကာကွယ်ပေးရင်း ဒုက္ခရောက်တဲ့သူဌေးသားကို ပြန်ပြီး ကူညီပေးရတဲ့ မေမိစံကာရိုက်တာနဲ့မြင်တွေ့ရမယ့် လီလီကျော်ခိုင်
၄။ Horror Drama ဇာတ်လမ်းပုံစံ “ဒိုးတူပေါင်ဖက်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကျင်းပ