
နောင်ချိုမြို၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်စတင်လက်ခံ
နောင်ချိုမြိုရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် စတင်ကျောင်းအပ်လက်ခံနိုင်ခဲ့ရာ ယမန်နေ့တွင် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ကျောင်းသူ ၁၆၅ဦးရှိကြောင်း သိရပါတယ်။
အဆိုပါကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများအား ကျောင်းသား၊ ကျောင်းသူများထံသို တစ်ပါတည်း ပေးအပ်ခဲ့ကြပါတယ်။
ထိုပြင် နောင်ချိုမြို၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(သပြေရေ)တို၌လည်း စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝန်းအတွင်းအပြင်သန့်ရှင်းသာယာရေးအတွက် တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အခြားလိုအပ်သည်များအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။