
ငွေကြေးနဲ့ပတ်သက်ပြီး ပညာပေးဇာတ်လမ်းပုံစံ“အိပ်မက်တွေက ဈေးကြီးတယ် ”ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲ ကျင်းပ
ငွေကြေးနဲ့ပတ်သက်ပြီး ပညာပေးဇာတ်လမ်းပုံစံ “အိပ်မက်တွေက ဈေးကြီးတယ်” ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားထဲမှာ အစ်မနဲ့ ပိုင်တံခွန်က မောင်နှမပေါ့နော်။ ငွေနဲ့ ပတ်သက်ရင်တော့ အကုန်လုံးက မက်ကြတာပဲလေ။ ဒီဇာတ်ကားထဲမှာက အမကအထည်ကြီးပျက်အမျိုးသမီးပေါ့။ လူတွေက ပိုက်ဆံရှိတယ်။ သူဌေးဆိုရင် အထင်ကြီးကြတယ်။ သူဌေးဆိုရင် မလိမ်ဘူးလို့ ထင်ကြတာလေ။ လူတွေရဲ့ စိတ်ကပေါ့နော်။ သူကချမ်းသာတယ် ငါတော့မလိမ်လောက်ဘူး ထင်ကြတာလေ။ အဓိက ပညာပေး Message လေးပေးထားပါတယ် ”လို့ အကယ်ဒမီ ချောရတနာကပြောပါတယ်။


အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း အင်ကြင်းဟန်က ရေးသားပြီးတော့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်(အရုဏ်ဦး)က သရုပ်ဆောင် ပိုင်တံခွန်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ချောရတနာ၊ သွန်းဆက်၊ နော်ဖောအယ်ထား၊ မေပန်းချီ၊ ဧည့်သည် သရုပ်ဆောင် လင်းလင်း၊ အေးသီတာ၊ဇာခြည်လွင်၊ စင်သီယာ၊ ရဲမာန်စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။
“အိပ်မက်တွေကဈေးကြီးတယ်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၁ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။