
Canal + Myanmar က ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်ရာသီသုံးခုစာ (၂၀၂၅-၂၀၂၈) အထိ တစ်ဦးတည်း မူပိုင်ခွင့်နဲ့ တရားဝင်လိုင်စင်ရယူကာ မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသမယ်
Canal + Myanmar “Glitter Night of Canal +”ပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက် ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ရာ နာမည်ကျော်အားကစားသမားတွေ၊ အနုပညာရှင်တွေဖြစ်တဲ့ မောင်မောင်လွင်၊ လုံးချော၊ ဇော်နိုင်ဝင်း၊ ထွန်းထွန်း၊ ရဲလွင်ဦး၊ အဲလစ်အုန်း၊ ဝေလာရီ၊ မေတိုးခိုင် စတဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ကမ္ဘာ့ဘောလုံးကြယ်ပွင့် ဘောလုံးအသင်းတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ပွဲစဉ်တွေပါဝင်တဲ့ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲကြီးကို CANAL+ Myanmar မှာ လာမယ့်ဘောလုံးရာသီကနေစပြီးတော့ တစ်ရာသီစာ ပွဲ ၃၈၀ လုံးစာ သုံးရာသီဆက်တိုက် တိုက်ရိုက်ထုတ်လွှင့်ပြသပေးမယ်လို့ဆိုပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ပရိသတ်တွေအနေနဲ့ (၂၀၂၅ -၂၆)(၂ဝ၂၆ – ၂၇) နဲ့ (၂ဝ၂၇ – ၂၈) ဘောလုံးရာသီတွေအတွင်း CANAL+ ရုပ်သံလိုင်းတွေနဲ့ Canal + APP မှာ အားကစားသမားတွေနဲ့ အင်တာဗျူးတွေ၊ မဂ္ဂဇင်းအစီအစဉ်တွေ ပွဲစဉ်ဟိုက်လိုက်တွေနဲ့ ပရီးမီးယားလိဂ်က သီးသန့်ဖန်တီးထားတဲ့ ရုပ်သံအစီအစဉ်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

