နစက ဥက္ကဋ္ဌနှင့် ဇနီးတို့ဦးဆောင်သည့်အဖွဲ့အား Buryatia ပြည်နယ်အကြီးအကဲက ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

ရုရှားနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ် ကြည်ရေးခရီးရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ်၏ ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov မှဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

ဂုဏ်ပြုညစာစားပွဲတွင် Buryatia ပြည်နယ်အကြီး အကဲမှ မိမိတို့အနေဖြင့် နေရာဒေသချင်းအလှမ်း ကွာဝေးသော်လည်း ရင်ဘတ်ချင်းနီးကာ ကိုးကွယ်ရာဘာသာတရားချင်းလည်းတူညီမှုရှိပြီး အခြေခံဘာသာတရားတူညီနီးစပ်မှုမှအစပြု၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိကာ Buryatia ပြည် နယ်သို့ လာရောက်မှုအတွက်များစွာဂုဏ်ယူဝမ်း မြောက်မိသည်ဟု နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌမှလည်း မိမိအနေဖြင့် Buryatia ပြည်နယ်သို့ တတိယအကြိမ်မြောက်ရောက်ရှိခြင်းဖြစ်ပြီး သာယာလှပသည့် Buryatia ပြည်နယ်သို့ရောက်ရှိသည့်အချိန်တိုင်း စိတ်ချမ်းသာမိကာ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်သည့်ပြည် နယ်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် စိတ်သဘောထားချင်း ပိုမိုတိုက်ဆိုင်မှုရှိကာ ဘာသာရေးဆိုင်ရာကူးလူး ဆက်ဆံဆောင်ရွက်မှုသည် ၂၀၁၅ ခုနှစ်ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီဟု ပြောသည်။

ထို့ပြင် ဘာသာရေးဆိုင်ရာဆက်ဆံဆောင်ရွက်မှုများအပြင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာနှင့် အခြားနယ်ပယ်ပေါင်းစုံတွင် ပူး ပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ကိုလည်းယုံကြည်ကာ Buryatia ပြည်နယ်အပါအဝင် ရုရှားနိုင်ငံနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး အစရှိသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဆက် လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် Buryatia ပြည်နယ်အကြီးအကဲ၊ တာဝန်ရှိသူများနှင့်အတူ ညစာသုံးဆောင်ကာ ညစာသုံးဆောင်နေချိန် ၌ Buryatia ပြည်နယ်၊ အမျိုးသားကဇာတ်ရုံမှ ရိုး ရာအကအလှအဖွဲ့များက တေးသံသာများ၊ အကအ လှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Canal + Myanmar က ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်ရာသီသုံးခုစာ (၂၀၂၅-၂၀၂၈) အထိ တစ်ဦးတည်း မူပိုင်ခွင့်နဲ့ တရားဝင်လိုင်စင်ရယူကာ မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသမယ်
Next post (၃၀-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်