ဘယ်လာရုစ်နိုင်ငံတွင်ပညာတော်သင်ရောက်ရှိနေသည့် သင်တန်သားအရာရှိများနှင့်တွေ့ဆုံစဥ် ရွေးကောက်ပွဲမကြာမီကျင်းပမည့်အကြောင်းကို နစက ဥက္ကဋ္ဌပြောကြားခဲ့

ဘယ်လာရုစ်နိုင်ငံတွင်ပညာတော်သင်ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ သင်တန်းသားအရာရှိများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၇ ရက်ညနေပိုင်းကတွေ့ ဆုံ၍ အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ လွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းသည် နိုင်ငံရေးအရအကောင်း ဆုံးဖြေရှင်းခြင်းပင်ဖြစ်ကာ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့်ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

ထို့ပြင် ဒီမိုကရေစီကိုတန်ဖိုးထားသူများအနေဖြင့် ဆန္ဒမဲပေးရာတွင်ပါဝင်လာကြမည်ဖြစ်၍ မိမိတို့အ နေဖြင့် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက် ပွဲဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ သင်တန်းသားအရာရှိများအနေဖြင့် နိုင်ငံတော်၏ဖြစ်ပေါ်ပြောင်းလဲမှုအ ခြေအနေများနှင့် နိုင်ငံရေးဖြစ်စဉ်ဖြစ်ရပ်များကို မှန်မှန်ကန်ကန်သိရှိနိုင်ရန်လိုအပ်မည်ဟု ပြောသည်။

ထို့အတူ နစက ဥက္ကဋ္ဌမှ ပြည်ပနိုင်ငံများသို့ ပညာ တော်သင် သင်တန်းသားများ စေလွှတ်ပေးလျက်ရှိခြင်းမှာ အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်ရာ တွင် လူသားအရင်းအမြစ်ကောင်းများရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်၍ မိမိကိုယ်ကိုတန်ဖိုးထားရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ရန်၊ တစ်ဦးချင်းစီသင်ကြားရသည့်သက်ဆိုင်ရာ ဘာသာရပ်များအ လိုက် ပိုင်နိုင်ကျွမ်းကျင်စွာတတ်မြောက်နားလည်နိုင်ရေးကြိုးပမ်းရန်၊ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကိုလည်း စဉ်ဆက်မပြတ်လေ့လာအား ထုတ်ရန်လည်း မှာကြားခဲ့သည်။ ထို့နောက် နစက ဥက္ကဋ္ဌသည် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး နှုတ်ဆက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၆-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post Canal + Myanmar က ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်ရာသီသုံးခုစာ (၂၀၂၅-၂၀၂၈) အထိ တစ်ဦးတည်း မူပိုင်ခွင့်နဲ့ တရားဝင်လိုင်စင်ရယူကာ မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသမယ်