// | DailyBriefNews ပြည်မြို့တွင် မော်တော်ယာဉ်/ဆိုင်ကယ် နံပါတ်ပြားအတုများနှင့် ယာဉ်သက်သေခံလက်မှတ်အတုများ ပြုလုပ်လိမ်လည်ရောင်းချသူများကို ဖမ်းဆီးရမိ -

ပြည်မြို့တွင် မော်တော်ယာဉ်/ဆိုင်ကယ် နံပါတ်ပြားအတုများနှင့် ယာဉ်သက်သေခံလက်မှတ်အတုများ ပြုလုပ်လိမ်လည်ရောင်းချသူများကို ဖမ်းဆီးရမိ

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆

ပြည်မြို့၊ ပြည်သာယာရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ် နံပါတ်ပြားအတုများ၊ ယာဉ်သက်သေခံလက်မှတ်အတုများကို ပြုလုပ်လိမ်လည်ရောင်းချနေသူများအား နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရှာဖွေစစ်ဆေးစဉ် နံပါတ်ပြားမျိုးစုံ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ ပရင်တာများ၊ ယာဉ်မှတ်ပုံတင်စာအုပ်များနှင့် သက်သေခံလက်မှတ်များအပြင် ငွေကျပ်သိန်း ၂၅၀ နှင့် ရွှေထည်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ပြီး၊ တရားခံ ၄ ဦးကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး NSPAW လုပ်ငန်းနယ်ပယ် ၁၂ ရပ် ထိရောက်စွာ အကောင်အထည်ဖော်ရန် ဒုတိယသမ္မတ တိုက်တွန်း
Next post အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတွင် ကုန်တင်ကားတစ်စီး ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ယာဉ်အများအပြားကို တိုက်မိ၍ လူ ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိ