ရန်ကုန် – မန္တလေး အမြန်လမ်း ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် ဆွာချောင်းတံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်နေ

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆
ရန်ကုန် – မန္တလေး အမြန်လမ်း ခရီးသွားပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန်အတွက် အသွားလမ်းဘက်ခြမ်း၌ ဆွာချောင်းတံတားအသစ်တစ်စင်းကို ထပ်မံတည်ဆောက်လျက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ယမန်နေ့က အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများနှင့် အမြန်လမ်းတစ်လျှောက် လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးသည် (ဝ မိုင်) လမ်းဆုံရှိ Toll Gate ၌ RFID စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံနေမှုများကို စစ်ဆေးခဲ့ပြီးနောက် မိုင်တိုင် (၁၆၅/၁) ရှိ ဆွာချောင်းတံတား (အသွားလမ်း) အသစ် တည်ဆောက်ခြင်းလုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့ပြင် နေပြည်တော် Toll Gate ရှိ Telematic Command & Control Center သို့ သွားရောက်၍ ညပိုင်းတွင် ဖြတ်သန်းသွားလာကြသည့် ခရီးသည်တင် Express ယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်များ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်မှု မရှိစေရေးအတွက် ယာဉ်အမျိုးအစားအလိုက် စနစ်တကျ စောင့်ကြည့်ကြပ်မတ်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါတယ်။
