// | DailyBriefNews ထိုင်းရောက် မြန်မာလုပ်သားများ၏ လစာ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရေးကိစ္စကို ထိုင်းနိုင်ငံက နေပြည်တော်၌ ဆွေးနွေး -

ထိုင်းရောက် မြန်မာလုပ်သားများ၏ လစာ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရေးကိစ္စကို ထိုင်းနိုင်ငံက နေပြည်တော်၌ ဆွေးနွေး

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လည်လွှဲပို့ရမည့် သတ်မှတ်ချက်နှင့် ပတ်သက်၍ အလုပ်သမားများ နစ်နာမှုမရှိစေရန်၊ တရားဝင်ငွေလဲနှုန်းကြောင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်နှင့် အကြောင်းရင်းများကို အလုပ်သမားများ နားလည်အောင် ရှင်းပြပေးရန် မြန်မာအစိုးရကို တိုက်တွန်းဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကမူ အဆိုပါငွေကြေးများသည် အစိုးရထံ ပေးပို့ခြင်းမဟုတ်ဘဲ အလုပ်သမားများ၏ မိသားစုများထံ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုခဲ့ပါတယ်။

သို့သော် ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်ကမူ ဤသတ်မှတ်ချက်နှင့် လစာစာရွက်စာတမ်းများ တင်ပြခိုင်းမှုသည် နိုင်ငံတကာစံနှုန်းများနှင့် အလုပ်သမားအခွင့်အရေးများနှင့် ကိုက်ညီမှုမရှိကြောင်း ကန့်ကွက်ထားပြီး၊ အလုပ်သမားများအနေဖြင့် ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရမည့်အချက်ကို လက်မခံပါက ပတ်စ်ပို့သက်တမ်းတိုးရာတွင် အခက်အခဲကြုံကာ ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားများ ဖြစ်လာနိုင်သည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post KNU၊ KNPP နှင့် နေပြည်တော်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရန် ထိုင်းနိုင်ငံက ကြားဝင်ကူညီပေးမည်
Next post ရန်ကုန် – မန္တလေး အမြန်လမ်း ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် ဆွာချောင်းတံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်နေ