// | DailyBriefNews အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဘရွတ်ကလင်းတွင် တိုက်ခန်းအဆောက်အအုံ ပြိုကျမှုကြောင့် လူ နှစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ -

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဘရွတ်ကလင်းတွင် တိုက်ခန်းအဆောက်အအုံ ပြိုကျမှုကြောင့် လူ နှစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဘရွတ်ကလင်းမြို့နယ်၊ ဖလတ်ဘုရှ် (Flatbush) ရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဘေးတွင် တည်ရှိသည့် သုံးထပ်တိုက်ခန်းအဆောက်အအုံတစ်ခု နိုဝင်ဘာ ၁၁ ရက်က ပြိုကျခဲ့ရာ အနည်းဆုံး လူ နှစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယူးယောက်မြို့တော် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ အခန်းလေးခန်းပါ သုံးထပ်တိုက်ခန်းအဆောက်အအုံသည် ပြိုကျပြီးနောက် ဘေးချင်းကပ်လျက် မြေတူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းသို့ ကျရောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများကြားမှ အသက်ရှင်ကျန်ရစ်သူများကို အမြန်ဆုံး ဆယ်ထုတ်ကယ်ဆယ်နိုင်ခဲ့ကြပြီး၊ အခင်းဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ ပျောက်ဆုံးနေသူများ ရှိ၊ မရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post KIA၊ KPDF နှင့် PDF အဖွဲ့ဝင် ၆ ဦး ဆုံလည်သေနတ်တစ်လက်အပါအဝင် လက်နက်၊ ခဲယမ်းများနှင့် အလင်းဝင်ရောက်
Next post တေးသံရှင် ပြည့်ဟိန်းသူ၏ “အဖေများသို့” Mini Album ကို နိုဝင်ဘာ ၁၃ ရက်တွင် ပရိသတ်ထံ အရောက်ပို့ဆောင်မည်