// | DailyBriefNews KIA၊ KPDF နှင့် PDF အဖွဲ့ဝင် ၆ ဦး ဆုံလည်သေနတ်တစ်လက်အပါအဝင် လက်နက်၊ ခဲယမ်းများနှင့် အလင်းဝင်ရောက် -

KIA၊ KPDF နှင့် PDF အဖွဲ့ဝင် ၆ ဦး ဆုံလည်သေနတ်တစ်လက်အပါအဝင် လက်နက်၊ ခဲယမ်းများနှင့် အလင်းဝင်ရောက်

နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၆

နိုင်ငံတော်အစိုးရ၏ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်မှုအရ KIA၊ KPDF နှင့် PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦးတို့သည် M-79 LL ၄၀ မမ ဆုံလည်သေနတ် ၁ လက်၊ K-25 သေနတ် ၂ လက်၊ KA သေနတ် ၁ လက် အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြကြောင်း သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသူများအား လက်ခံပွဲကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တာဝန်ရှိသူများက အလင်းဝင်ရောက်လာသူများ ပါရှိလာသည့် လက်နက်နှင့် ခဲယမ်းများအတွက် ဆုကြေးငွေများနှင့် ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒုတိယသမ္မတ ဦးညိုစော ပြည်ပပိုကုန်တိုးမြှင့်ရေးနှင့် အရန်ဆန်စုဆောင်းရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
Next post အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဘရွတ်ကလင်းတွင် တိုက်ခန်းအဆောက်အအုံ ပြိုကျမှုကြောင့် လူ နှစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ