// | DailyBriefNews ဒုတိယသမ္မတ ဦးညိုစော ပြည်ပပိုကုန်တိုးမြှင့်ရေးနှင့် အရန်ဆန်စုဆောင်းရေး ညှိနှိုင်းအစည်းအဝေး တက်ရောက် -

ဒုတိယသမ္မတ ဦးညိုစော ပြည်ပပိုကုန်တိုးမြှင့်ရေးနှင့် အရန်ဆန်စုဆောင်းရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၆

ပြည်ပပိုကုန်တိုးမြှင့်ရေးနှင့် အရန်ဆန်စုဆောင်းရေး ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဆန်စပါးအထွက်နှုန်းနှင့် ထုတ်လုပ်မှုတိုးမြှင့်ရေး၊ ပြည်ပဈေးကွက်ရရှိရေး၊ ပြည်တွင်းဆန်စျေးနှုန်း တည်ငြိမ်ရေးနှင့် အရန်ဆန်များ စနစ်တကျစုဆောင်းသိုလှောင်ထားရှိရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတက သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများသို့ အချိန်မီထောက်ပံ့နိုင်ရေး၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် ရာသီဥတုဖောက်ပြန်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးတို့ကို ရည်ရွယ်၍ အရန်ဆန်များကို စနစ်တကျ စုဆောင်းထားရှိရန် တိုက်တွန်းခဲ့ပြီး၊ အစည်းအဝေးအပြီးတွင် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်ရှိ အရန်ဆန်သိုလှောင်ရုံများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပထမနေ့တွင် အပြုသဘောဆောင်ကြောင်း ဇယ်လန်းစကီး ပြောကြား
Next post KIA၊ KPDF နှင့် PDF အဖွဲ့ဝင် ၆ ဦး ဆုံလည်သေနတ်တစ်လက်အပါအဝင် လက်နက်၊ ခဲယမ်းများနှင့် အလင်းဝင်ရောက်