ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပထမနေ့တွင် အပြုသဘောဆောင်ကြောင်း ဇယ်လန်းစကီး ပြောကြား

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၆
ယူကရိန်းနိုင်ငံ၌ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်သည့် ယူကရိန်း၊ ရုရှားနှင့် အမေရိကန်တို့အကြား နှစ်ရက်ကြာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပထမနေ့တွင် အဘူဒါဘီမြို့၌ နိုဝင်ဘာ ၁၀ ရက်က စတင်ကျင်းပခဲ့ရာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဆွေးနွေးပွဲများသည် အပြုသဘောဆောင်ပြီး အနှစ်သာရရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
လေးနာရီကြာမြင့်ခဲ့သည့် ပထမနေ့ဆွေးနွေးပွဲတွင် စစ်သုံ့ပန်းများ လဲလှယ်ရေးနှင့် စစ်ပွဲအပြီး ကာလလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၏ သားမက်ဖြစ်သူ ဂျာရက် ကုရှ်နာနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ကလည်း ဆွေးနွေးပွဲများ အလွန်အကျိုးဖြစ်ထွန်းကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အကြား နယ်မြေထိန်းချုပ်မှုနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်သော်လည်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲများကို နိုဝင်ဘာ ၁၁ ရက်တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
