// | DailyBriefNews အေပက်ထိပ်သီးအစည်းအဝေးတွင် ရှီ၊ ပူတင်တို့နှင့် ဆွေးနွေးမယ်လို့ ထရမ့်ပ် ပြော -

အေပက်ထိပ်သီးအစည်းအဝေးတွင် ရှီ၊ ပူတင်တို့နှင့် ဆွေးနွေးမယ်လို့ ထရမ့်ပ် ပြော

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၆

လာမည့်သီတင်းပတ်တွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် အေပက် (APEC) ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး၌ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နှင့် တွေ့ဆုံကာ အီရန်စစ်ပွဲကို အဆုံးသတ်ရေးနှင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စရပ်များကို ဆွေးနွေးဖြစ်လိမ့်မည်ဟု ယူဆကြောင်း တနင်္ဂနွေနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့ကြောင်း သိရသည်။

ဖလော်ရီဒါပြည်နယ်မှ ဝါရှင်တန်သို့ ပြန်လည်မထွက်ခွာမီ သတင်းထောက်များနှင့် ပြောဆိုရာတွင် ထရမ့်ပ်က တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို၌ နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်မည့် သဘောတူညီချက်တစ်ခု ရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း CBS ရုပ်သံလိုင်း၏ 60 Minutes အစီအစဉ်နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ref: NIKKEI ASIA

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်၏ အနာဂတ် ရေးရာဆုံးဖြတ်ချက်များ မပြုလုပ်ရသေးသော်လည်း ရာထူးနေရာအတွက် ဖိအားများ မြင့်တက်နေ
Next post အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး