// | DailyBriefNews စိုင်မြစ်အတွင်း အာဆင်းနစ်ဓာတ်များ သတ်မှတ်စံနှုန်းထက် မြင့်မားစွာပါဝင်နေမှုကြောင့် မယ်ဆိုင်မြို့နယ်ရှိ ကျေးရွာ ၁၄ ရွာတွင် ရေပေးဝေမှု လျှော့ချခဲ့ရ -

စိုင်မြစ်အတွင်း အာဆင်းနစ်ဓာတ်များ သတ်မှတ်စံနှုန်းထက် မြင့်မားစွာပါဝင်နေမှုကြောင့် မယ်ဆိုင်မြို့နယ်ရှိ ကျေးရွာ ၁၄ ရွာတွင် ရေပေးဝေမှု လျှော့ချခဲ့ရ

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်း စီးဆင်းလျက်ရှိသော စိုင်မြစ် (Sai River) ရေထဲတွင် သတ်မှတ်စံနှုန်းထက် ပိုမိုမြင့်မားသော အာဆင်းနစ်ဓာတ်များ ပါဝင်နေခြင်းနှင့် ရေထုပုံမှန်မဟုတ်ဘဲ အလွန်အမင်း နောက်ကျိနေခြင်းတို့ကြောင့် အဆိုပါဒေသရှိ ကျေးရွာ ၁၄ ရွာသို့ ပေးဝေနေသည့် သောက်သုံးရေ ပမာဏကို နိုဝင်ဘာ ၅ ရက်က ပုံမှန်၏ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ရကြောင်း ပြည်နယ်ရေပေးဝေရေးအာဏာပိုင်အဖွဲ့ (PWA) က ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

သို့သော် နိုဝင်ဘာ ၆ ရက်တွင် ရေထုတ်လုပ်မှုပမာဏကို ၈၀ ရာခိုင်နှုန်းခန့်အထိ ပြန်လည်မြှင့်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ စစ်ဆေးချက်များအရ စိုင်မြစ်မှ စုပ်ယူခဲ့သော ရေကြမ်း၏ နောက်ကျိမှုနှုန်းမှာ ပုံမှန်နွေရာသီ သို့မဟုတ် မိုးရာသီထက် များစွာကျော်လွန်ကာ 14,000 NTU အထိ မြင့်တက်နေခဲ့ပြီး၊ အာဆင်းနစ်ဓာတ်ပါဝင်မှုမှာလည်း သတ်မှတ်စံနှုန်းထက် အဆများစွာ မြင့်မားနေဆဲဖြစ်ကြောင်း သိရပါတယ်။

အထက်ပိုင်း ရေဝေရေလဲဒေသများတွင် မိုးရွာသွန်းမှုကြောင့် ဓာတုပစ္စည်းများ မြစ်အတွင်းသို့ မျောပါလာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ယူဆထားကြပြီး၊ ဒေသခံပြည်သူများအနေဖြင့် အဆိုပါမြစ်ရေကို သောက်သုံးခြင်း၊ ချက်ပြုတ်ခြင်းနှင့် မြစ်တွင်းမှ ဖမ်းဆီးရမိသော ငါးများကို စားသုံးခြင်းမပြုကြရန် ကျန်းမာရေးဌာနက အထူးသတိပေးထားကြောင်း သိရှိရဩပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်မွေးမြူရေးကဏ္ဍမှ ပြည်ပတင်ပိုမှု အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်းရရှိ
Next post အမေရိကန်သမ္မတကို သတ်ဖြတ်ရန် ခေါင်းထဲမှအသံများက ခိုင်းစေခဲ့သည်ဆိုသော ဗင်နီဇွဲလားအမျိုးသားအား အိမ်ဖြူတော်အနီးတွင် လက်နက်များနှင့်အတူ ဖမ်းဆီးရမိ