နိုင်ငံတော်အတွင်း ဘာသာရေးယုံကြည်ကိုးကွယ်မှုများကို အသိအမှတ်ပြုကာကွယ်စောင့်ရှောက်ရေးပြဋ္ဌာန်းချက်များပါဝင်ပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေး အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ပြောကြား


နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။



အခမ်းအနားတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်အတွင်းရှိ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုများနှင့်စပ်လျဉ်း၍ အသိအမှတ်ပြုမှု၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း၊ မတူကွဲပြားသည့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအစဉ်အလာများကို အပြန်အလှန် နားလည်လေးစားပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံတော်၏ လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။



