ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အီဂျစ်နိုင်ငံ၌ ကျင်းပသည့် နဝမအကြိမ် ကိုင်ရိုရေ ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကိုင်ရိုမြို့၌ ကျင်းပသည့် နဝမအကြိမ် ကိုင်ရိုရေ ရက်သတ္တပတ်အခမ်းအနား (9th Cairo Water Week 2026) သို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားဖွင့်ပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး အီဂျစ်သမ္မတ အဗ္ဗဒယ်ဖာတတ် အယ်လ်စီစီနှင့် ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
ထို့ပြင် အီဂျစ်နိုင်ငံ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ရေးဝန်ကြီး၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီးတို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ စိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍများတွင် နည်းပညာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး၊ ဝါစိုက်ပျိုးရေးသုတေသနဌာန၊ တိရစ္ဆာန်ကာကွယ်ဆေး ထုတ်လုပ်ရေးဓာတ်ခွဲခန်းများနှင့် နိုင်းမြစ်ရေဖြင့် စိုက်ပျိုးရေပေးဝေရေး၊ ရေသုတေသနလုပ်ငန်းများကို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။
