// | DailyBriefNews AA၊ PDF နှင့် PLF အဖွဲ့ဝင် ၂၈ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်၊ ကျပ် ၅၈၄ သိန်း ချီးမြှင့် -

AA၊ PDF နှင့် PLF အဖွဲ့ဝင် ၂၈ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်၊ ကျပ် ၅၈၄ သိန်း ချီးမြှင့်

အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆

AA အဖွဲ့ဝင် ၁၅ ဦး၊ PDF အဖွဲ့ဝင် ၁၂ ဦးနှင့် PLF အဖွဲ့ဝင် ၁ ဦး၊ စုစုပေါင်း ၂၈ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသဖြင့် ၎င်းတို့အား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ပြီး ကျပ် ၅၈၄ သိန်းနှင့် ထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါအခမ်းအနားကို အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ချီးမြှင့်ငွေတွင် မောင်းပြန်ရိုင်ဖယ် ၁၀ လက်အတွက် တစ်လက်လျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် ကျပ်သိန်း ၅၀၀ နှင့် ပြန်လည်ဝင်ရောက်လာသူ ၂၈ ဦးအတွက် တစ်ဦးလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် ကျပ် ၈၄ သိန်း ပါဝင်ကာ စုစုပေါင်း ကျပ်သိန်း ၅၈၄ သိန်း ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ နိုဝင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပမည်
Next post နိုင်ငံ့သမိုင်းတွင် မှတ်တမ်းကောင်းတစ်ရပ် ကျန်ရစ်စေမည့် အစိုးရဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ မှာကြား