// | DailyBriefNews အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ နိုဝင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပမည် -

အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ နိုဝင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပမည်

အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆

အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများအား အမြင့်ဆုံး ကျပ် ၁၀ သိန်းအထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို နေပြည်တော်ကောင်စီနှင့် မြန်မာအာကာသအေဂျင်စီတို့က ကြီးမှူး၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပမည်ဖြစ်ပြီး၊ ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့်အတွက် “အာကာသအိပ်မက်”၊ အလယ်တန်းအဆင့်အတွက် “လူသားနှင့် အနာဂတ်အာကာသ” နှင့် အထက်တန်းအဆင့်အတွက် “အသုံးချလေ့လာ အာကာသနည်းပညာ” ဟူသည့် ခေါင်းစဉ်များဖြင့် အသီးသီး ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်းနိုင်ငံ၊ လတ်ကရာဘန်ခရိုင်တွင် မြန်မာအလုပ်သမားများ၏ တိုက်ခိုက်မှုကြောင့် တရုတ်အလုပ်ရှင်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ
Next post AA၊ PDF နှင့် PLF အဖွဲ့ဝင် ၂၈ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်၊ ကျပ် ၅၈၄ သိန်း ချီးမြှင့်