သုဝဏ္ဏအားကစားကွင်း၌ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ပြသမည်

ဇူလိုင် ၁၅၊ ၂၀၂၆
သုဝဏ္ဏအားကစားကွင်း၌ “World Cup 26 Fan Festival Myanmar” အမည်ဖြင့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ပြသမည် ဖြစ်ပါတယ်။
ယင်းအစီအစဉ်ကို ဇူလိုင် ၁၄ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ကာ Fan Festival အတွင်း ယမန်နေ့က စပိန်နှင့် ပြင်သစ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပြသခဲ့ပြီး ဖြစ်ပါတယ်။
ယနေ့၌ အင်္ဂလန်နှင့် အာဂျင်တီးနားတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပြသသွားမည်ဖြစ်ပြီး၊ ဇူလိုင် ၁၈ ရက်၌ တတိယနေရာလုပွဲ၊ ဇူလိုင် ၁၉ ရက်၌ ဗိုလ်လုပွဲကို ပြသမည် ဖြစ်ပါတယ်။
ပွဲအတွင်း အဆိုတော် ဖြိုးကြီး၊ နီနီခင်ဇော်၊ စန္ဒီမြင့်လွင်တို့အပြင် DJ နဲ့ အကအဖွဲများလည်း ဖျော်ဖြေမည်ဖြစ်ပြီး၊ VIP နှင့် Gold Zone အလိုက် လက်မှတ်များ ရောင်းချနေသလို အဖျော်ယမကာ အခမဲ့ပေးရန်စီစဉ်ထားကြောင်းလည်း ကြော်ငြာထားသည်ကို တွေ့ရပါတယ်။
More Stories
မြန်မာ့လက်ရွေးစင်အသင်း ဒီညနေ ဗီယက်နမ်ကို ထွက်ခွာမယ်
ဇူလိုင် ၁၅၊ ၂၀၂၆ မြန်မာ့လက်ရွေးစင်အသင်းဟာ ဗီယက်နမ်အသင်းနဲ့ ခြေစမ်းကစားဖို့ ဒီညနေမှာ ဗီယက်နမ်နိုင်ငံကို ထွက်ခွာမယ်လို့ သိရပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ နော်ဝေလူမျိုး အန်ဒါဆင်ဟာ ဗီယက်နမ်အသင်းနဲ့ ကစားမယ့်ခြေစမ်းပွဲအတွက် ကစားသမား (၂၆) ဦး ရွေးချယ်ခေါ်ယူသွားမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းမှာ...
ရှမ်းယူနိုက်တက်အက်ဖ်စီအသင်း သုံးပွဲဆက်နိုင်ပွဲရလဒ်နှင့်အတူ အဆင့်(၃) နေရာသို တက်လှမ်း
ဇူလိုင် ၁၅၊ ၂၀၂၆ Myanmar Women’s League 2026-27 ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယခုနှစ်ရာသီ အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ကောင်းရရှိနေပြီး သုံးပွဲဆက် နိုင်ပွဲရရှိထားသည်ကိုတွေ့ရပါတယ်။ ယမန်နေ့ ပဒုမ္မာကွင်းတွင် ကျင်းပခဲ့သော Myanmar Women’s League...
ပွဲတိုင်းမှာ ဂိုးသွင်းနိုင်အောင် ကြိုးစားသွားမယ်လို့ ရတနာပုံ တိုက်စစ်မှူးသစ် တိုရေး ဆို
ဇူလိုင် ၁၅၊ ၂၀၂၆ ရတနာပုံအသင်းက ခေါ်ယူထားတဲ့ ဂီနီနိုင်ငံသားတိုက်စစ်မှူး ဖန်ဂျီတိုရေးက ပွဲတိုင်းမှာ ဂိုးသွင်းနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တိုရေးက"ဒီအသင်းကို ရောက်ရှိလာတဲ့အတွက် ပျော်ရွှင်ရပါတယ်။ ကျွန်တော့်အတွက်တော့ ကြီးကြီးမားမား အပြောင်းအလဲ မရှိပါဘူး။ အင်္ဂလန်...
အရှေ့တောင်အာရှ ဘော်လီဘောဖလားပြိုင်ပွဲ မြန်မာဝင်ရောက် ယှဥ်ပြိုင်မယ်
ဇူလိုင် ၁၅၊ ၂၀၂၆ (၆) ကြိမ်မြောက် အရှေ့တောင်အာရှ ဘော်လီဘောဖလားပြိုင်ပွဲ (6th SEA V Cup) ကို မြန်မာအမျိုးသားလက်ရွေးစင် ဘော်လီဘောအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ (၆) ကြိမ်မြောက် အရှေ့တောင်အာရှ ဘော်လီဘောဖလားပြိုင်ပွဲ...
ရန်ကုန်စီးတီးအသင်း ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို ခေါ်ယူ
ဇူလိုင် ၁၃၊ ၂၀၂၆ ရန်ကုန်စီးတီးအသင်းဟာ လာမယ့်ရာသီသစ်အတွက် ဒုတိယမြောက် နိုင်ငံခြားသားကစားသမားအဖြစ် ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာဟာ ပြီးခဲ့တဲ့ရာသီက ရှမ်းယူနိုက်တက်အသင်းမှာ ခြေစွမ်းပြကစားခဲ့သူဖြစ်ကြောင်း သိရပါတယ်။ ရုဂျီဟီရိုတာဟာ ရှမ်းယူနိုက်တက်အသင်း မတိုင်မီ...
မြန်မာ FIFAe Football (Mobile) အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် နီးစပ်၊ အာရှအဆင့် ၆ သင်းစာရင်းဝင်
ဇူလိုင် ၁၀၊ ၂၀၂၆ FIFAe Football (Mobile) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်းသည် ယနေ့ကျင်းပခဲ့သည့် ရှုးထွက်အဆင့်ပွဲစဉ်များအပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း Consistency Ranking အရ အာရှဒေသ၏ နောက်ဆုံးအဆင့် Top...
