// | DailyBriefNews အာကာသပြတိုက် (ရန်ကုန်) သို့ အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့်ပစ္စည်းများ လွှဲပြောင်းပေးအပ် -

အာကာသပြတိုက် (ရန်ကုန်) သို့ အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့်ပစ္စည်းများ လွှဲပြောင်းပေးအပ်

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ အာကာသပြတိုက် (ရန်ကုန်) သို့ အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အဆိုပါပြတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က လှူဒါန်းပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။ ယင်းနောက် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က ကျေးဇူးတင်စကား ပြောကြားကာ သံအမတ်ကြီးထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဒါန်းပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာ (MoU) ၅ စောင် လက်မှတ်ရေးထိုး
Next post ကျပ် ၅၀၀၀၀ တန် ငွေစက္ကူသစ်များ ထုတ်ဝေမည်မဟုတ်ကြောင်းနှင့် သတင်းမှားဖြန့်ဝေသူများအား ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာ