// | DailyBriefNews နိုင်ငံတော်သမ္မတ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး -

နိုင်ငံတော်သမ္မတ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၂ ရက်နေ့တွင် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ချိန်နှင့် ပြီးစီးပါက လေယာဉ်သွားလာမှု မြင့်မားလာမည်ဖြစ်၍ လေဆိပ်နှင့် ပြေးလမ်း အဆင့်မြှင့်တင်မှုကို ကြိုတင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် လုပ်ငန်းများ ရေရှည်တည်တံ့ရေး၊ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ရေးနှင့် ပြေးလမ်းတစ်လျှောက် ရေဝပ်မှု မရှိစေရန် ရေနုတ်မြောင်းများ စနစ်တကျ တွက်ချက် တည်ဆောက်သွားရန် မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆရာဝန် (သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်၊ ပြည်သူ့ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
Next post နိုင်ငံတော်သမ္မတ ထားဝယ်မြို့ရှိ ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်အား ကြည့်ရှုစစ်ဆေး