// | DailyBriefNews ဆရာဝန် (သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်၊ ပြည်သူ့ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း -

ဆရာဝန် (သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်၊ ပြည်သူ့ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၆

ကျန်းမာရေးဝန်ကြီးဌာန၏ ဆရာဝန် (သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ မိမိတို့၏ ပညာများကို အသုံးချကာ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စေတနာထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက ပြောကြားရာတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၌ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒဖြင့် ဆောင်ရွက်နေပြီး “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော ရည်မှန်းချက်အတိုင်း လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးနှင့် မြန်မာပြည်သူများ၏ မျှော်မှန်းသက်တမ်းကို ၂၀၃၀ ပြည့်နှစ်တွင် နှစ် ၇၀ ကျော်အထိ တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထို့အပြင် ကျန်းမာရေး အသုံးစရိတ်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း (ကျပ်သန်း ၁,၃၉၁ ဘီလီယံကျော်) အထိ တိုးမြှင့်ပေးထားပြီး Naypyitaw State Academy တွင် ဆေးသိပ္ပံပညာ မဟာဌာန အပါအဝင် ဆေးပညာနှီးနွှယ် တက္ကသိုလ် ၁၇ ခုအထိ တိုးချဲ့ကာ တိုင်းနှင့် ပြည်နယ်များရှိ ခုတင် ၂၀၀ ဆံ့ ဆေးရုံများကို ခုတင် ၃၀၀ ဆံ့ ဆေးရုံများအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်း သိရပါတယ်။

ပြည်သူ့ဆေးရုံများတွင် ဆရာဝန် လစ်လပ်နေရာများကို မြန်မြန်ဆန်ဆန် ဖြည့်တင်းနိုင်ရန် အလုပ်သင်ဆရာဝန် ကာလပြီးမြောက်သူများကို တိုက်ရိုက် ခန့်အပ်ပေးနေပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်လည်း သစ်လွင်ဆရာဝန် ၁,၂၇၆ ဦးနှင့် သွား/ခံတွင်း ဆရာဝန် ၂၃ ဦးတို့ကို ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

သို့ဖြစ်ရာ ဆရာဝန်များအနေဖြင့် လူနာများကို မိသားစုစိတ်ဓာတ်ဖြင့် ကုသပေးရန်၊ ကုသရေးအပြင် ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိခင်/ကလေး ကျန်းမာရေးတို့ကို အလေးထားရန်၊ ဆေးရုံများတွင် ကုန်ကျစရိတ် သက်သာစွာဖြင့် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် စာဖတ်ခြင်း၊ သုတေသနပြုခြင်းတို့ဖြင့် ဘဝတစ်လျှောက် ပညာရပ်ဆိုင်ရာ တိုးတက်အောင် ကြိုးပမ်းကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်း မှာကြားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post AFC U-17 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက တရုတ်(ဟောင်ကောင်) အသင်းကို အနိုင်ရကာ အာရှဖလား ဝင်ခွင့်ရရှိ
Next post နိုင်ငံတော်သမ္မတ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး