// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

အောက်တိုဘာလ ၈ ရက်၊ ၂၀၂၆

မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်နှင့် ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အပါအဝင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မလေးရှား ဝန်ကြီးချုပ်က မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် ကြိုဆို
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့ မလေးရှားဝန်ကြီးချုပ်ရုံး၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး