မလေးရှား ဝန်ကြီးချုပ်က မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် ကြိုဆို

အောက်တိုဘာလ ၈ ရက်၊ ၂၀၂၆
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ယနေ့ အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် သိုက်သိုက်ဝန်းဝန်း ကြိုဆိုခဲ့ပါတယ်။

အခမ်းအနားတွင် မလေးရှားနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို တီးမှုတ်ဂုဏ်ပြုခဲ့ပြီး မြန်မာနိုင်ငံတော်သမ္မတ က ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့ပါတယ်။ ထို့နောက် နှစ်နိုင်ငံ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို အပြန်အလှန် မိတ်ဆက်ပေးခဲ့ကြပြီး သမ္မတ ဦးမင်းအောင်လှိုင်သည် ဝန်ကြီးချုပ်ရုံးရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

More Stories
မြန်မာ့ပညာရေးအဆင့်အတန်း မြင့်မားလာစေရေး နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေ
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၈) မှ ကျောင်းသား၊ ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ငုရွှေဝါခန်းမ၌ တွေ့ဆုံ၍...
၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရရှိခဲ့သည့် “မြန်မာပေါ်ဆန်း” ကို စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအား နိုင်ငံတော်သမ္မတက ဂုဏ်ပြု
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရရှိခဲ့သည့် “မြန်မာပေါ်ဆန်း” ကို စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအား ဂုဏ်ပြုသည့် အခမ်းအနားနှင့် ဆန်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအပေါ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို...
ရန်ကုန်တိုင်းအတွင်းရှိ CNG ယာဉ်များအတွက် CNG 1 Kg ၂၇၃ ကျပ် ၂၅ ပြားနှုန်းခန့်ဖြင့် ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးပေးနေ
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ယာဉ် (CNG ယာဉ်) များအတွက် CNG 1 Kg လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းခန့်ဖြင့် ဓာတ်ငွေ့များကို လုံလောက်စွာ...
ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦး Naypyitaw State Academy ၏ Faculty of Medicine သို့ လာရောက်လေ့လာ
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆ Naypyitaw State Academy ၏ Faculty of Medicine သို့ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးပညာစတုတ္ထနှစ် (၁/၂၀၂၆) သင်တန်းမှ ကျောင်းသား၊ ကျောင်းသူ...
ရှေ့တန်းပြန် တပ်မတော်သားများအား ကလေးနှင့် ဟုမ္မလင်းမြို့တို့တွင် ဂုဏ်ပြုကြိုဆို
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲများကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲများသို့...
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌...
