// | DailyBriefNews အမျိုးသမီး စက်ခေါင်းမှူး ၅ ဦးကို မြန်မာ့မီးရထားတွင် ပထမဆုံးအကြိမ် တာဝန်ပေးအပ် -

အမျိုးသမီး စက်ခေါင်းမှူး ၅ ဦးကို မြန်မာ့မီးရထားတွင် ပထမဆုံးအကြိမ် တာဝန်ပေးအပ်

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၆

မြန်မာ့မီးရထား သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး စက်ခေါင်းမှူး ၅ ဦးအား မြို့ပတ်မီးရထားများတွင် တွဲဖက်စက်ခေါင်းမှူးများအဖြစ် အောက်တိုဘာ ၅ ရက်မှ စတင်ကာ တာဝန်ပေးအပ်လိုက်ကြောင်း သိရပါတယ်။

အဆိုပါ အမျိုးသမီး စက်ခေါင်းမှူး ၅ ဦးသည် မြို့ပတ်မီးရထား ပြေးဆွဲမှုများတွင် DEMU နှင့် RBE ရထားများကို လက်တွေ့ တာဝန်ယူ မောင်းနှင်နေခြင်း ဖြစ်ပါတယ်။

၎င်းတို့သည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ AGTI ဒီပလိုမာ ရရှိထားသူများဖြစ်ပြီး၊ မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမှူး သင်တန်းတက်ရောက်ခဲ့ကြသူများ ဖြစ်ပါတယ်။

သင်တန်းကာလအတွင်း မြေပြင် ရထားတွဲ ရွှေ့ပြောင်းမောင်းနှင်ခြင်း၊ လမ်းကြောင်း ကြည့်ရှုခြင်း၊ လက်တွေ့ စမ်းသပ်မောင်းနှင်ခြင်း အပါအဝင် စာတွေ့၊ လက်တွေ့ စစ်ဆေးမှုများနှင့် လူတွေ့မေးမြန်းမှုများကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီးမှ ယခုလို တာဝန်ပေးအပ်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု အောက်တိုဘာ ၅ ရက်တွင် ပြန်လည်စတင်မည်
Next post ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ တက်ရောက်အမှာစကားပြောကြား