အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု အောက်တိုဘာ ၅ ရက်တွင် ပြန်လည်စတင်မည်

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၆
မိုးရာသီကာလ ကုန်ဆုံး၍ ပွင့်လင်းရာသီသို့ ရောက်ရှိလာခြင်းနှင့်အတူ အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်နှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာသဖြင့် ယခင်ကကဲ့သို့ အလှည့်ကျစနစ်ဖြင့် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်လိုက်ပါတယ်။
လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီအထိ ရေအားလျှပ်စစ် ရေလှောင်တမံများ၏ ရေသိုလှောင်ထားရှိမှုကို ထိန်းညှိထုတ်လုပ်နိုင်ရန် စီမံထားခြင်းဖြစ်ပြီး၊ ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှု မမျှတပါက တစ်နိုင်ငံလုံး ဓာတ်အားစနစ်ပြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်နိုင်သဖြင့် ဝန်အားထိန်းညှိမှုကို မလွဲမရှောင်သာ အနည်းဆုံးပမာဏဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။
အစိုးရအနေဖြင့် နွေရာသီအမီ ဆိုလာနှင့် ရေအားလျှပ်စစ် စီမံကိန်းအသစ်များမှ ထပ်မံထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသည့်အပြင် ဖျက်ဆီးခံထားရသည့် ဓာတ်အားပေးစနစ်များကိုလည်း ပြန်လည်ပြင်ဆင်လျက်ရှိပြီး၊ ယခု အလှည့်ကျစနစ်ဖြင့် ဝန်အားထိန်းညှိ ဓာတ်အားဖြန့်ဖြူးမှုကို အောက်တိုဘာလ ၅ ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
