// | DailyBriefNews ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို နိုင်ငံတော်သမ္မတ လိုက်လံကြည့်ရှုစစ်ဆေး -

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို နိုင်ငံတော်သမ္မတ လိုက်လံကြည့်ရှုစစ်ဆေး

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၆

နိုင်ငံတော်သမ္မတသည် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မီးရထားလမ်း ခုံးကျော်တံတား တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် လမ်းအသုံးပြုသူ ဦးရေနှင့် မော်တော်ယာဉ် တိုးတက်လာနိုင်မှုများကို ကြိုတင်ထည့်သွင်း တွက်ချက်ကာ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် Master Plan ရေးဆွဲ ဆောင်ရွက်ထားရှိရန် နိုင်ငံတော်သမ္မတက ထည့်သွင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မလေးရှားမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ၊ ပြည်ပရောက် အခက်အခဲကြုံသူများကို ဆက်လက်ကူညီမည်
Next post တစ်လုံး ကျပ် ၇၀၀ အထိ မြင့်တက်ခဲ့သည့် ကြက်ဥဈေးများ အောက်တိုဘာလဆန်းတွင် ကျပ် ၁၀၀ ခန့် ပြန်လည်ကျဆင်း