// | DailyBriefNews မလေးရှားမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ၊ ပြည်ပရောက် အခက်အခဲကြုံသူများကို ဆက်လက်ကူညီမည် -

မလေးရှားမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ၊ ပြည်ပရောက် အခက်အခဲကြုံသူများကို ဆက်လက်ကူညီမည်

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၆

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးသည် တပ်မတော် စစ်ရေယာဉ်များဖြစ်ကြသည့် မုတ္တမ၊ သံလွင် နှင့် ဆင်ဖြူရှင် တို့ဖြင့် ပြန်လည်လိုက်ပါလာခဲ့ရာ အောက်တိုဘာလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ပြည်ပရောက် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအထိ မလေးရှားမှ မြန်မာနိုင်ငံသား ၈,၀၄၁ ဦးကို လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ထို့ပြင် ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသား ၁,၉၀၅ ဦးနှင့် အိန္ဒိယနိုင်ငံ ပိုဘလဲမြို့တွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာရေလုပ်သား ၂၆ ဦးတို့ကိုလည်း ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

အစိုးရအနေဖြင့် ပြည်ပသို့ တရားမဝင် ထွက်ခွာခြင်းနှင့် လူပွဲစားများ၏ စည်းရုံးမှုများကို သတိပြုရန် နှိုးဆော်ထားပြီး၊ နောင်တွင်လည်း ပြည်ပ၌ အခက်အခဲကြုံတွေ့ပါက သက်ဆိုင်ရာ သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်နိုင်ကြောင်းနှင့် အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန်ထုတ် F-16V တိုက်လေယာဉ်အသစ်များ တရုတ် ထိုင်ဝမ်သို့ ပထမဆုံးအသုတ် စတင်ရောက်ရှိ
Next post ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို နိုင်ငံတော်သမ္မတ လိုက်လံကြည့်ရှုစစ်ဆေး