// | DailyBriefNews အောက်တိုဘာလအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည် -

အောက်တိုဘာလအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်

photo_2026-10-01_11-52-34

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယခု အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းအေဂျင်စီက စက်တင်ဘာလလွန်တွင် ဖော်ပြခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ဖိတ်ကြားမည်ဟု စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့ပြီးနောက် အစိုးရပြောရေးဆိုခွင့်ရှိသူ Fahmi Fadzil ကလည်း ကွာလာလမ်ပူသို့ လာရောက်မည့် ပြည်ပခေါင်းဆောင်များအနက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပါဝင်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ် အန်ဝါက မိတ်ဆွေဖွဲ့ရန်၊ ကုန်သွယ်မှုပြုလုပ်ရန်နှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် ဆွေးနွေးနိုင်ရန် ဖိတ်ကြားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံအနေဖြင့် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်အရ မြန်မာနိုင်ငံသားများကို တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ပို့ဆောင်လျက်ရှိရာ ဒုတိယအဆင့်အဖြစ် နောက်ထပ် ၃,၅၂၄ ဦးကို ထပ်မံပြန်ပို့ရန် စီစဉ်နေကြောင်း သိရပါတယ်။ အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရဘက်မှ သတင်းထုတ်ပြန် အတည်ပြုခြင်း မရှိသေးကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအတွက် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ လှူဒါန်းသည့် APTERR ဆန်တန်ချိန် ၁,၃၀၉ ကျော် လွှဲပြောင်းပေးအပ်
Next post ၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်မိန့်ခွန်းပြောကြား