ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအတွက် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ လှူဒါန်းသည့် APTERR ဆန်တန်ချိန် ၁,၃၀၉ ကျော် လွှဲပြောင်းပေးအပ်

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အာဆီယံ-အပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ လှူဒါန်းသည့် ဆန် ၁,၃၀၉ ဒသမ ၃၃၉ တန်အား စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ လှူဒါန်းသည့် ဆန်များကို စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က လွှဲပြောင်းလက်ခံခဲ့ပြီး၊ ရေဘေးသင့် ပြည်သူများကိုယ်စား APTERR အတွင်းရေးမှူးချုပ်ရုံးနှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင် APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesorn နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong တို့က လှူဒါန်းမှုဆိုင်ရာများ e-Government လုပ်ငန်းစဉ်နှင့်အညီ ရှင်းလင်းပြောကြားခဲ့ပြီး Tier 3 ဆန်များကို အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြပါတယ်။ APTERR အစီအစဉ်သည် အာဆီယံ ၁၀ နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန်၌ အရေးပေါ် ရိက္ခာထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

