ကုန်းတွင်းမုန်တိုင်းငယ် ဖြတ်သန်းခဲ့သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆
စက်တင်ဘာလ ၂၇ ရက်က စတင်ဖြစ်ပေါ်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် ဖြတ်သန်းဝင်ရောက်ခဲ့သည့် လမ်းကြောင်းတစ်လျှောက်နှင့် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် မြို့ရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
အဆိုပါ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုကူညီရေးနှင့် ပရဟိတ အသင်းအဖွဲ့များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိခြင်း ဖြစ်ပါတယ်။

ထို့ပြင် ရေပြန်လည်ကျဆင်းချိန်တွင် တင်ကျန်ရစ်ခဲ့သည့် သစ်ပင်၊ သစ်ကိုင်းများ၊ အမှိုက်သရိုက်များနှင့် နုန်းမြေများကို ဖယ်ရှားရှင်းလင်းပေးခြင်းများ ပြုလုပ်ပေးနေသည့်အပြင် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။
