// | DailyBriefNews မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူစေရန် ရူပီးနှင့် ကျပ်ငွေစာရင်းများ အပြန်အလှန် ဖွင့်လှစ်နိုင်ရေး ဆွေးနွေး -

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူစေရန် ရူပီးနှင့် ကျပ်ငွေစာရင်းများ အပြန်အလှန် ဖွင့်လှစ်နိုင်ရေး ဆွေးနွေး

photo_2026-09-29_13-53-47

စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၆

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘဏ်များနှင့် အိန္ဒိယဘဏ်များအကြား ရူပီးနှင့် ကျပ်ငွေစာရင်းများ (Nostro/Vostro Account) အပြန်အလှန် ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါ ဆွေးနွေးမှုကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ သံအမတ်ကြီးက ဗဟိုဘဏ် နှစ်ခုအကြား ရေးဆွဲနေသည့် နှစ်နိုင်ငံ ငွေကြေးလဲလှယ်ရေး သဘောတူညီချက် မူကြမ်း (Currency Swap Arrangement Draft) အရ ပြည်တွင်းနှင့် ပြည်ပ အဆက်အသွယ်ဘဏ်များအကြား စာရင်းများ အပြန်အလှန် ဖွင့်လှစ်ခြင်းဖြင့် ကုန်သွယ်မှု ကိစ္စရပ်များ ပိုမို အဆင်ပြေ လွယ်ကူလာမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ယင်းဆွေးနွေးချက်အပေါ် ဗဟိုဘဏ်ဥက္ကဋ္ဌက သဘောတူညီချက်ဆိုင်ရာ အချက်အလက်များကို စိစစ် ဆောင်ရွက်နေပြီး နှစ်နိုင်ငံ ငွေကြေးသုံးစွဲမှုကို ဦးစားပေး လုပ်ဆောင်နေကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် Punjab National Bank တွင် ရူပီး Nostro Account ဖွင့်လှစ်ရန်နှင့် အဆိုပါဘဏ်က ပြည်တွင်းဘဏ်များတွင် ကျပ်ငွေစာရင်း ဖွင့်လှစ်ရန် ဆောင်ရွက်နေသကဲ့သို့ ရုရှား၊ အိန္ဒိယတို့နှင့် ငွေကြေးသုံးမျိုးလုံး အသုံးပြုနိုင်ရန် ရုရှားအခြေစိုက် Sberbank (အိန္ဒိယဘဏ်ခွဲ) နှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဥပဒေ၊ နည်းဥပဒေများကို သေချာစွာ လေ့လာထားရန် ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား
Next post ပေါတိုအသင်း၏ ညာနောက်ခံလူ အယ်လ်ဘာတို ကော့စတာကို ခေါ်ယူရန် မန်ယူနှင့် အာဆင်နယ် စောင့်ကြည့်လျက်ရှိ