// | DailyBriefNews မလေးရှားနိုင်ငံမှ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁,၅၀၀ ခန့်ကို ပထမအသုတ်အဖြစ် နေရပ်သို့ စတင်ပြန်လည်ပို့ဆောင် -

မလေးရှားနိုင်ငံမှ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁,၅၀၀ ခန့်ကို ပထမအသုတ်အဖြစ် နေရပ်သို့ စတင်ပြန်လည်ပို့ဆောင်

viber_image_2026-09-29_12-07-25-702

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆

မလေးရှားအစိုးရနှင့် မြန်မာအစိုးရတို့အကြား နေရပ်ပြန်ပို့ရန် သဘောတူညီထားသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၅,၀၀၀ အနက် ပထမဆုံးအသုတ်အဖြစ် လူ ၁,၅၀၀ ခန့်ကို စက်တင်ဘာလ ၂၉ ရက်တွင် ပြန်လည်ပို့ဆောင်ရေး အစီအစဉ် စတင်ခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်က မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်းရှိ လာမွတ် (Lumut) ရေတပ်စခန်းအနီး Manjung အားကစားကွင်းသို့ ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာသည့် ဘတ်စ်ကားများ ရဲတပ်ဖွဲ့စောင့်ကြပ်မှုဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့အား ရေတပ်စခန်းမှတစ်ဆင့် သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်မပို့ဆောင်မီ လုပ်ငန်းစဉ်အတိုင်း စီမံဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါတယ်။ အဆိုပါအဖွဲ့သည် မလေးရှား ထိန်းသိမ်းရေးစခန်းများမှ ဆန္ဒအလျောက် နေရပ်ပြန်ရန် သဘောတူထားသူများ ဖြစ်ပါတယ်။

မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇူလိုင်လအတွင်း မြန်မာနိုင်ငံက ဘင်္ဂါလီ ၅,၀၀၀ ကို ပြန်လည်ခေါ်ယူရန် သဘောတူခဲ့ကြောင်း ကြေညာခဲ့သော်လည်း ယခု ပထမအသုတ်တွင် ဘင်္ဂါလီ အရေအတွက် မည်မျှပါဝင်သည်ကို အာဏာပိုင်များက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ တစ်ဖက်တွင်လည်း မလေးရှား၏ ယခုကဲ့သို့ နေရပ်ပြန်ပို့ရေး အစီအစဉ် စတင်မှုအပေါ် လူ့အခွင့်အရေး အဖွဲ့အစည်းများအကြား စိုးရိမ်မှုများ ထွက်ပေါ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန်၏ ဒေါ်လာ ၂ ဘီလီယံနီးပါးရှိ ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကူအညီများ လက်ခံရရှိမည့် နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်
Next post SpaceX ကုမ္ပဏီက ဧရာမ Starship အာကာသယာဉ်ကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်