// | DailyBriefNews အကြမ်းဖက် CRPH ၊ NUG အဖွဲ့များအတွက် ငွေကြေးကောက်ခံပေးနေသည့် PRF Website မှငွေကြေးထောက်ပံ့သူများအား ဖမ်းဆီးရမိ -

အကြမ်းဖက် CRPH ၊ NUG အဖွဲ့များအတွက် ငွေကြေးကောက်ခံပေးနေသည့် PRF Website မှငွေကြေးထောက်ပံ့သူများအား ဖမ်းဆီးရမိ

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆

အကြမ်းဖက် NUG အဖွဲ့သည် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် People’s Revolution Supply Family-PRF Website ကို ထူထောင်၍ Wave Pay၊ တရားမဝင် NUG Pay၊ တရားမဝင် SDB Bank၊ Crypto နှင့် နိုင်ငံခြားငွေ Payment စနစ်များမှတစ်ဆင့် ငွေကြေးကောက်ခံလျက်ရှိကြောင်း စိစစ်တွေ့ရှိရတယ်လို့ သိရပါတယ်။

အဆိုပါ PRF Website သို့ Wave Pay မှတစ်ဆင့် ၇၀၀ ဦးခန့်၊ NUG Pay မှတစ်ဆင့် ၁,၀၀၀ ဦးခန့်၊ SDB ဘဏ်မှတစ်ဆင့် ၁,၀၀၀ ဦးခန့် စုစုပေါင်း ထောက်ပံ့သူ ၂,၇၀၀ ကျော်၏ အချက်အလက်များကို ဖော်ထုတ်ရရှိခဲ့ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ တရားခံ ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးရမိသူများကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် တရားခံများကိုလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ထို့ပြင် ဖော်ထုတ်ရရှိထားသည့် အကောင့်များကို ဥပဒေနှင့်အညီ ပိတ်သိမ်းကာ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Miss Multicultural World 2026 ပြိုင်ပွဲတွင် Winner ဆုရရှိခဲ့သည့် အလှမယ် စိုးမဉ္ဇူလွင်အား ဂုဏ်ပြုပွဲ ကျင်းပ
Next post မုံရွာ-မန္တလေး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်ကို PDF များ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ရဟန်းတစ်ပါးအပါအဝင် အရပ်သားများ ထိခိုက်သေဆုံး