// | DailyBriefNews ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူ ၈ ဦး သေဆုံးပြီး အမေရိကန်ဒေါ်လာ ၃၂၇ သန်းခန့် ပျက်စီးဆုံးရှုံး -

ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူ ၈ ဦး သေဆုံးပြီး အမေရိကန်ဒေါ်လာ ၃၂၇ သန်းခန့် ပျက်စီးဆုံးရှုံး

photo_2026-09-28_15-23-37

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆

စက်တင်ဘာလ၏ နောက်ဆုံး သီတင်းပတ်ကုန်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်အပါအဝင် ဒေသအများအပြား၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ လူ ၈ ဦး သေဆုံးကာ အိမ်ခြေ ၅၈၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စက်တင်ဘာလ ၂၈ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ဘန်ကောက်မြို့၌ နှစ်ရက်၊ သုံးရက်အတွင်း မိုးရေချိန် ၁၂ ဒသမ ၆ လက်မ (၃၂၀ မီလီမီတာ) ခန့် ရွာသွန်းခဲ့သဖြင့် မြို့တော် ရေနုတ်မြောင်းစနစ်များ လျှံကျခဲ့ပြီး ရေလွှမ်းမိုးခံခဲ့ရသည့်အတွက် လူဦးရေ ၆,၀၀၀ နီးပါးကို ရေဘေးရှောင်စခန်း ၂၃၄ ခုသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသခံ ၈၀,၀၀၀ ကျော်မှာ နေအိမ်များမှ ထွက်ခွာ၍မရအောင် ပိတ်မိနေသဖြင့် အစိုးရက ရွှေ့လျားမီးဖိုချောင်များနှင့် လှေများစေလွှတ်ကာ ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အဆိုပါ ရေဘေးကြောင့် ရာယွန်ပြည်နယ်ရှိ ရေလှောင်ကန်များတွင် ရေပမာဏ လျှံကျလာသဖြင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားရပါတယ်။ ထို့ပြင် တစ်နိုင်ငံလုံး၌ ဘတ်ငွေ ၁၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၃၂၇ သန်း) ခန့် စီးပွားရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ပြီး အထူးသဖြင့် ဘန်ကောက်မြို့၏ လက်ကားနှင့် လက်လီရောင်းချသည့် လုပ်ငန်းများ အပြင်းထန်ဆုံး ထိခိုက်နိုင်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နီပေါနိုင်ငံတွင် နှင်းထုပြိုကျမှုကြောင့် လမ်းပြနှစ်ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေ
Next post ဘန်ကောက်၌ ရေကြီးနေသည့်ကြားမှ စိုင်းစိုင်းခမ်းလှိုင်၏ “A Night in Bangkok” ဖျော်ဖြေပွဲ အောင်မြင်စွာ ကျင်းပ၊ မလာရောက်နိုင်သူများ လက်မှတ် QR ပြန်လည်အသုံးပြုနိုင်မည်