// | DailyBriefNews နီပေါနိုင်ငံတွင် နှင်းထုပြိုကျမှုကြောင့် လမ်းပြနှစ်ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေ -

နီပေါနိုင်ငံတွင် နှင်းထုပြိုကျမှုကြောင့် လမ်းပြနှစ်ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေ

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၆

နီပေါနှင့် တိဘက်နယ်စပ်အနီး မာနန်းခရိုင်အတွင်းရှိ ပေ ၂၃,၀၀၀ ကျော် (၇,၁၂၆ မီတာ) မြင့်သော ဟင်လန်ဟီမယ်လ် (Himlung Himal) တောင်ခြေစခန်း၌ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက နှင်းထုကြီး ရုတ်တရက် ပြိုကျခဲ့ရာ နီပေါတောင်တက်လမ်းပြ နှစ်ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများမှာ တောင်တက်ခရီးစဉ်များအတွက် တောင်ခြေစခန်းတွင် ကြိုတင်ပြင်ဆင်ပေးနေသည့် တောင်တက်လမ်းပြများနှင့် မီးဖိုချောင် ဝန်ထမ်းများဖြစ်ကြပါတယ်။ ဖြစ်စဉ်ဖြစ်ပွားချိန်၌ တောင်ခြေစခန်းတွင် အနည်းဆုံး လူ ၂၂ ဦးခန့် ရှိနေခဲ့ပြီး ဝေးလံခေါင်ဖျားသည့် ဒေသဖြစ်သည့်အပြင် ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်နေသဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

နီပေါနိုင်ငံတွင် စက်တင်ဘာ ၂၄ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြင့်မားသော တောင်တန်းဒေသများ၌ နှင်းများ ဆက်တိုက် ကျဆင်းခဲ့ခြင်းကြောင့် တာဝန်ရှိသူများက တောင်တက်ခရီးစဉ်အချို့ကို ရပ်ဆိုင်းထားခဲ့ပါတယ်။ အဆိုပါ ဘေးအန္တရာယ်သည် လူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့သည့် ဩဂုတ်လအတွင်း ဘိုတေးကိုရှီမြစ် ရေကြီးရေလျှံမှု ဘေးဒဏ်မှ ပြန်လည်နာလန်ထူစ အချိန်၌ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထားဝယ်တွင် နှစ်ပေါင်း ၈၀ အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့ပြီး လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးကြီးနိုင်ဟု မိုး/ဇလ ထုတ်ပြန်
Next post ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူ ၈ ဦး သေဆုံးပြီး အမေရိကန်ဒေါ်လာ ၃၂၇ သန်းခန့် ပျက်စီးဆုံးရှုံး