// | DailyBriefNews ရလဒ်ဆိုးများကြောင့် မန်ယူနည်းပြ ကာရစ်နေရာ အစားထိုးရန် နည်းပြ နာမည်ကြီး ၃ ဦး ထွက်ပေါ် -

ရလဒ်ဆိုးများကြောင့် မန်ယူနည်းပြ ကာရစ်နေရာ အစားထိုးရန် နည်းပြ နာမည်ကြီး ၃ ဦး ထွက်ပေါ်

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆

၂၀၂၆-၂၇ ရာသီသစ် ပြိုင်ပွဲအရပ်ရပ် ၇ ပွဲ ကိုင်တွယ်အပြီးတွင် ရလဒ်များ ဆက်တိုက် ဆိုးရွားနေသည့် မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ်ကာရစ်၏ နေရာတွင် အစားထိုးရန် ဖြစ်နိုင်ဖွယ်ရှိသည့် နည်းပြသစ် ၃ ဦး၏ စာရင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

ကာရစ်သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလက နည်းပြ ရူဘင်အာမိုရင် ထွက်ခွာသွားပြီးနောက် ယာယီနည်းပြအဖြစ် ၁၆ ပွဲတွင် ၁၁ ပွဲအနိုင်ရရှိအောင် စွမ်းဆောင်ပေးကာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေခဲ့သဖြင့် မေလတွင် ၂ နှစ်သက်တမ်းရှိ အမြဲတမ်းနည်းပြအဖြစ် တိုးမြှင့်ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ သို့သော် ယခုရာသီသစ် ၇ ပွဲတွင် ၂ ပွဲသာ အနိုင်ရရှိပြီး ကာရာဘောင်းဖလားမှ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ် အဆင့် ၁၂ သို့ ရောက်ရှိနေသဖြင့် ဖိအားများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။

ယခုအခါ မန်ယူဘုတ်အဖွဲ့အနေဖြင့် ကာရစ်၏နေရာတွင် အစားထိုးရန် အင်္ဂလန်ဘောလုံး အတွေ့အကြုံရှိပြီး အသင်းလက်မဲ့ဖြစ်နေသည့် ချဲလ်ဆီးနှင့် ဂျူဗင်တပ် နည်းပြဟောင်း အန်တိုနီယို ကွန်တီကို ရေပန်းအစားဆုံး လျာထားလျက်ရှိပါတယ်။ ထို့ပြင် မန်ယူနည်းပြအဖွဲ့ဝင်ဟောင်းနှင့် အစ်ဝှစ်တောင်း နည်းပြ ခီရန် မက်ကန်နာ၊ မကြာသေးမီက နော်တင်ဟမ်ဖောရက်စ်သို့ ပြောင်းရွှေ့သွားသည့် ခရစ္စတယ်ပဲလေ့စ် နည်းပြဟောင်း အိုလီဗာ ဂလက်စနာတို့ကိုပါ အစားထိုးရန် စောင့်ကြည့်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား မိတ္ထီလာနှင့် သာစည်တို့၌ ဂုဏ်ပြုကြိုဆို
Next post ဖနွမ်းပင်၌ နည်းပညာသုံး လိမ်လည်မှု သံသယဖြင့် ဗီယက်နမ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီး