// | DailyBriefNews အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား မိတ္ထီလာနှင့် သာစည်တို့၌ ဂုဏ်ပြုကြိုဆို -

အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား မိတ္ထီလာနှင့် သာစည်တို့၌ ဂုဏ်ပြုကြိုဆို

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆

နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားများကို စက်တင်ဘာလ ၂၄ ရက်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် သာစည်မြို့တို့ရှိ နယ်မြေခံတပ်ရင်းများ၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကြိုဆိုပွဲ အခမ်းအနားများသို့ တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။

ကြိုဆိုပွဲတွင် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ရှေ့တန်းပြန် တပ်မတော်သားများအား အောင်သပြေခက်များ ကမ်းလှမ်း၍လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီးအမှုတ် အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စစ်ကိုင်းတိုင်းအတွင်းမှ PDF အဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၃၈ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်
Next post ရလဒ်ဆိုးများကြောင့် မန်ယူနည်းပြ ကာရစ်နေရာ အစားထိုးရန် နည်းပြ နာမည်ကြီး ၃ ဦး ထွက်ပေါ်