// | DailyBriefNews အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်သမ္မတ ရှီကျင့်ဖျင်အား လေဆိပ်၌ ကိုယ်တိုင် သွားရောက်ကြိုဆို -

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်သမ္မတ ရှီကျင့်ဖျင်အား လေဆိပ်၌ ကိုယ်တိုင် သွားရောက်ကြိုဆို

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး ပန်လီယွမ်တို့သည် ဆယ်စုနှစ်တစ်ခုအတွင်း ဝါရှင်တန်မြို့သို့ ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့ရာ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မီလာနီယာ ထရမ့်တို့က Joint Base Andrews စစ်အခြေစိုက်စခန်း လေဆိပ်၌ ကိုယ်တိုင် သွားရောက်၍ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

သမ္မတ ထရမ့်အနေဖြင့် အခြားနိုင်ငံခေါင်းဆောင်များကို အိမ်ဖြူတော်၌သာ စောင့်ဆိုင်းကြိုဆိုလေ့ရှိသော်လည်း ယခုကဲ့သို့ လေဆိပ်အထိ သွားရောက်ကြိုဆိုခြင်း၊ အနီရောင်ကော်ဇောခင်း၍ စစ်ဘက်ဆိုင်ရာ လေယာဉ်များ ပျံသန်းပြသ ဂုဏ်ပြုခြင်းတို့မှာ ထူးခြားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

သုံးရက်ကြာ ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၃ ရက်၌ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ အီရန်နှင့် ယူကရိန်းစစ်ပွဲများအပြင် ဉာဏ်ရည်တု (AI) နည်းပညာကဏ္ဍတို့ကို အဓိကထား ဆွေးနွေးကြမည်ဟု မျှော်လင့်ရပါတယ်။ ဆွေးနွေးပွဲတွင် ထိုင်ဝမ်ကိစ္စနှင့် အမေရိကန်၏ တင်းကျပ်သော ပို့ကုန်ထိန်းချုပ်မှု မူဝါဒများအပေါ် သဘောထားကွဲလွဲမှုများ ရှိနေသဖြင့် ထူးခြားသည့် တိုးတက်မှုရလဒ် ပေါ်ပေါက်လာရန် အခွင့်အလမ်း နည်းပါးကြောင်း လေ့လာသုံးသပ်သူများက ဆိုပါတယ်။ ခရီးစဉ်အတွင်း နည်းပညာနယ်ပယ်မှ ထင်ရှားသူများနှင့် နိုင်ငံတော်အဆင့် ညစာစားပွဲ ကျင်းပခြင်းနှင့် အမျိုးသားမှတ်တမ်းဌာနသို့ သွားရောက်လည်ပတ်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာက ကူညီပေးရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆို
Next post တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ စစ်ရေယာဉ်များ ချစ်ကြည်ရေးခရီးအဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိ