// | DailyBriefNews အိမ်ထောင်ရေး အချစ်ဒရာမာဇာတ်လမ်းပုံစံ “မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ ကျင်းပ -

အိမ်ထောင်ရေး အချစ်ဒရာမာဇာတ်လမ်းပုံစံ “မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ ကျင်းပ

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၆

LOVE 2 ရုပ်ရှင်ထုတ်လုပ်ရေးမှ တင်ဆက်သည့် အိမ်ထောင်ရေး အချစ်ဒရာမာ ဇာတ်လမ်းပုံစံ “မက်မက်မောမောမုန်း” (My Dear Hate) ရုပ်ရှင်ဇာတ်ကားကြီး၏ Premiere Show အခမ်းအနားကို စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံ၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း အင်ကြင်းဟန်က ရေးသားပြီး ဒါရိုက်တာ မင်းဆက်သစ်က ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် အကယ်ဒမီ နေဝင်း၊ မေမီကိုကို၊ အထူးဧည့်သည်သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီ၊ သင်းသဲဗိုလ်၊ ဖြိုးရာဇာနိုင်၊ ဒေါ်ဂွမ်းပုံကြီး၊ ဇော်ဝင်းနိုင်၊ စိုးမိုးကြည်၊ ဒေါင်းဝေ၊ ရဲမွန်၊ ယွန်းသဒ္ဒါဟန်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။

ဒါရိုက်တာ မင်းဆက်သစ်က ယခုဇာတ်ကားသည် ၎င်း၏ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကြောင်းနှင့် ဇာတ်ကားအတွင်း မထင်မှတ်ထားသည့် လျှို့ဝှက်ချက်များ ပါဝင်သဖြင့် ပရိသတ်များအနေဖြင့် ရုံထဲအထိ လာရောက်ကြည့်ရှု ခံစားပေးကြပါရန် မေတ္တာရပ်ခံ ပြောကြားခဲ့ပါတယ်။ “မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မုဒုံတွင် ဘောလုံးကွင်းအတွင်း မိုးကြိုးပစ်ချသဖြင့် Lion City ဘောလုံးအသင်းမှ ကစားသမားတစ်ဦး သေဆုံး
Next post တူရကီတွင် ကျောင်းတစ်ကျောင်းအပြင်ဘက်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ကျောင်းသား ၁၁ ဦး ဒဏ်ရာရရှိ