// | DailyBriefNews မုဒုံတွင် ဘောလုံးကွင်းအတွင်း မိုးကြိုးပစ်ချသဖြင့် Lion City ဘောလုံးအသင်းမှ ကစားသမားတစ်ဦး သေဆုံး -

မုဒုံတွင် ဘောလုံးကွင်းအတွင်း မိုးကြိုးပစ်ချသဖြင့် Lion City ဘောလုံးအသင်းမှ ကစားသမားတစ်ဦး သေဆုံး

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၆

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်ရှိ မီတာ ၄၀၀ အားကစားကွင်းအတွင်း၌ စက်တင်ဘာလ ၂၂ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က မိုးကြိုးပစ်ချမှုဖြစ်ပွားခဲ့ပြီး ဘောလုံးကစားနေသည့် Lion City ဘောလုံးအသင်းမှ ကစားသမားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မော်လမြိုင်မြို့ရှိ Lion City ဘောလုံးအသင်းနှင့် မုဒုံမြို့ တောင်ပေါ်သားကလပ် ဘောလုံးအသင်းတို့ ဆီမီးဖိုင်နယ် ပွဲစဉ် ယှဉ်ပြိုင်ကစားနေစဉ် မိုးကြိုးပစ်ချခဲ့ခြင်းဖြစ်ပြီး Lion City အသင်းမှ ကျောနံပါတ် (၉) အသက် ၂၉ နှစ်အရွယ် ကိုသန်းတိုးအောင်မှာ မိုးကြိုးထိမှန်ခဲ့ခြင်း ဖြစ်ပါတယ်။

မိုးကြိုးထိမှန်ခဲ့သည့် ကစားသမားအား ကြက်ခြေနီအဖွဲ့ဝင်များက ရှေးဦးသူနာပြုစုပေးပြီး မုဒုံပြည်သူ့ဆေးရုံသို့ အဆောတလျင် ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူ ကစားသမားမှာ မော်လမြိုင်မြို့နယ်၊ စံပြအေးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ရုပ်အလောင်းအား မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ တက်ရောက် အမှာစကားပြောကြား
Next post အိမ်ထောင်ရေး အချစ်ဒရာမာဇာတ်လမ်းပုံစံ “မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ ကျင်းပ